|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: အိုးဝေနေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ် တက္ကသိုလ်ထင်ကြီးပြုစု၍ ဘာသာပြန်ဆရာကြီး မောင်ထင်တည်းဖြတ်လိုက်သော ခေတ်သုံးအင်္ဂလိပ်ဝေါဟာရစာအုပ်ဖြစ်သည်။ ဤစာအုပ်ကို ပြုစုရာတွင် နေ့စဉ်ပေါ်ထွက်နေသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုကျမ်းများမှ အင်္ဂလိပ်ဝေါဟာရများကို ရွေးချယ်ကာ စုစည်းထားခြင်းဖြစ်သည်။ ထို့နောက် ထိုဝေါဟာရများ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သဘောပေါက်စေရန် မြန်မာဆန်နိုင်သမျှ ဆန်နိုင်အောင် အနက်ပေးထားသည်။ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း နမူနာပြဝါကျများမှ ညွှန်းဆိုသော အဓိပ္ပာယ်ကိုသာ အထူးပြုဖွင့်ဆိုထားသည့်အတွက် ရှိသမျှအဓိပ္ပာယ်အကုန်ဖွင့်ဆိုတတ်သည့် အဘိဓာန်များကဲ့သို့ မျက်စိရှုပ်၊ နားရှုပ်မဖြစ်စေဘဲ အလွယ်တကူ နားလည်သဘောပေါက်နိုင်ကြမည်ဖြစ်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ပြီးတိုင်းလည်း နမူနာဝါကျဖွဲ့၍ ပြယုဂ်များအဖြစ် ပြဆိုထားပြီး ထိုသို့ပြဆိုရာတွင် တိုင်း၊ နျူးစ်ဝိ၊ အီကောနောမစ်စသော သတင်းစာ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ကျမ်းကြီး ကျမ်းငယ်များ၌ အမှန်တကယ် ဝါကျဖွဲ့၍ သုံးနှုံးလျက်ရှိသည်များကို ရှာဖွေ၍ ပြဆိုထားသည်။ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ဖြည့်တင်းထုတ်ဝေလိုက်ခြင်းဖြစ်ပြီး ဝေါဟာရစုစုပေါင်း ၅၉ဝ၃ ခုပါရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် စာနယ်ဇင်းများကို ဖတ်ရှုလေ့လာနေသူများ လက်စွဲထားသင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ နမူနာတစ်မျက်နှာကို စာမြည်းရန်တွင် ကြည့်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|