|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ကြိုးတိုက်ထဲမှ ဆရာစံဘဝနှင့် ထောင်မှတ်တမ်းများ
-
-
Author(s):
ကျော်မြသန်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 160
- Binding: Paperback
- Publication Month Year: Feb-2010
- Size: 13 cm x 20 cm
|
- Description: နိုင်ငံရေး ပုဒ်မ ၅ ဖြင့် ထောင်အကျဉ်းချခြင်း အကြိမ်ကြိမ်ခံခဲ့ရသော ဗ.က.ပဟောင်းစာရေးသူသည် သူ၏ထောင်တွင်းနေရချိန်များကို စုပေါင်းလိုက်ပါက ၅ နှစ်ကျော်အထိ ရှိခဲ့သည်ဟု ဆိုသည်။ ထောင်တွင်းတွင် ရှိစဉ်အတွင်း စာရေးဆရာပီပီ ဘဝတူထောင်သားတို့၏ ထောင်ကျစေခဲ့သည့် နောက်ကွယ်မှ ဇာတ်လမ်းများကို မေးမြန်းစူးစမ်း၍ ထောင်အတွေ့အကြုံ ဆောင်းပါးများ ရေးသားခဲ့ရာ “သာယာဝတီထောင်မှ ငရဲခန်းများ”စာအုပ်ဖြင့် စာပဒေသာ ဒုတိယဆုကို ဆွတ်ခူးခဲ့သည်။ ယခုစာအုပ်တွင်လည်း ကြိုးတိုက်ထဲမှ ဂဠုန်ဆရာစံ၏ဘဝအကြောင်းကို ဆရာစံနှင့် ရောင်းရင်းအဖြစ် လက်တွဲတိုက်ပွဲဝင်ခဲ့သူ အဘသာလူ(ခ) ရဲခေါင်ကံချွန်ကို မေးမြန်း၍လည်းကောင်း၊ သူကိုယ်တိုင် ကြိုးတိုက်ပိတ်ခံခဲ့ရာသော ရက် ၆ဝ အတွေ့အကြုံများကိုလည်းကောင်း (ကြိုးတိုက်တွင် သရဲရှိ မရှိဆိုသည့်အကြောင်းကိုပါ ရေးသားထားသည်)၊ မိန်းမချော ချောသော မောင်လှအေးဆိုသော ယောက်ျားပျိုတစ်ဦး၏ ထောင်တွင်းမှ အချစ်ဒုက္ခများကိုလည်းကောင်း၊ မြွေဗိုက်ထဲ အဖိုးတန်ကျောက်များထည့်၍ ရဲနှင့် ဉာဏ်ကစားကြသော ကျောက်မှောင်ခိုသမားများအကြောင်းကိုလည်းကောင်း၊ ခေါင်းမာ၍ စိတ်ဓာတ်ပြင်းထန်သည်ဟု ကျော်ကြားသော ရုပ်ဝါဒ ကွန်မြူနစ် ခေါင်းဆောင်းတစ်ဦး၏ ကြိုးဒဏ်နှင့် လက္ခဏာအဟောများကိုလည်းကောင်း စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာအုပ်တွင်ပါဝင်သည့် ဆရာစံဆောင်းပါးကို ဂုဏ်ပြု၍ စာအုပ်ကို ဆရာစံအမည်နှင့် တွဲ၍ အမည်ပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|