|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: လူထုဦးလှ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သော ဤစာအုပ်တွင် လူထုဒေါ်အမာက သူ၏ ခင်ပွန်းဖြစ်သူ လူထုဦးလှအကြောင်းကို ငယ်ဘဝမှစတင်ကာ နောက်ဆုံး ဘဝချုပ်ငြိမ်းရာ ဈာပနခရီးအထိ ရုပ်လုံးဖော်ထားသည်။ ညောင်လေးပင်-မဒေါက်သွား မီးရထားလမ်းပေါ်မှ ပုဇွန်မြောင်းရွာတွင် လူထုဦးလှ မွေးဖွားခဲ့ပုံမှ အစချီကာ သူ ၁ဝ နှစ်သားအရွယ်တွင် သူ၏ အမေ ပလိပ်ရောဂါဖြင့် ကွယ်လွန်သွားသဖြင့် မိတဆိုးကလေးဘဝဖြင့် ကြီးပြင်းခဲ့ရပုံ၊ လူထုဦးလှ၏ ဖခင်က နောက်အိမ်ထောင်မပြုဘဲ ကလေးငယ်များကို ပြုစုပျိုးထောင်ခဲ့ပုံ၊ အတန်းပညာ အဆင့်ဆင့်သင်ကြားရင်း ရန်ကုန်သို့ ရောက်လာပုံ၊ ရန်ကုန်တွင် ကျောင်းသားအဖြစ် ၄ နှစ်၊ မြူနီစပယ် ရုံးအလုပ်သမားအဖြစ် ၈ နှစ် လုပ်ကိုင်၍ ရုန်းကန်ခဲ့ရပုံ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကြောင့် လူထုဒေါ်အမာနှင့် ဖူးစာဆုံခဲ့ရပုံ၊ ထို့နောက် မန္တလေးကို ပြောင်း၍ ကြီးပွားရေး မဂ္ဂဇင်းတိုက်ဖွင့်နိုင်ရန် အခက်အခဲမျိုးစုံကြားမှ ကြိုးစားခဲ့ရပုံ၊ နိုင်ငံရေး ပုဒ်မများဖြင့် ထောင် ၅ ကြိမ်တိုင်တိုင် ကျခဲ့ရပုံများ၊ ဂျပန်ခေတ် ဖ.ဆ.ပ.လ ခေတ်များတွင် လှုပ်ရှားခဲ့မှုများ၊ လူထုဦးလှ၏ အပေါင်းအသင်း ခင်တွယ်တတ်ပုံနှင့် ထိုစိတ်ကြောင့်ပင် လူချစ်လူခင် ပြောများခဲ့ပုံများ၊ ကြီးပွားရေး မဂ္ဂဇင်းနှင့် စာအုပ်တိုက်ကို ဦးဆောင်ထူထောင်ခဲ့ပုံများ၊ နိုင်ငံရပ်ခြား လေ့လာရေးခရီးများနှင့် သူကွယ်လွန်ခါနီးအချိန်မှ အမှတ်တရများအကြောင်းကို သူနှင့် အရင်းနှီးဆုံးဖြစ်သည့် လူထုဒေါ်အမာက အဆိုးအကောင်းများအားလုံး မချွင်းမချန်ဘဲ မှတ်တမ်းတင်ရေးသားထားသည်။ စာအုပ်တွင် သမိုင်းတွင်စေမည့် လူထုဦးလှ၏ ရှားပါးဓာတ်ပုံများစွာကိုလည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|