|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကစ္စာယနမည်သော မထေရ် ပြုစုရေးသားခဲ့ခြင်းကြောင့် ကစ္စာယန(ကစ္စည်း)ကျမ်းဟု ခေါ်တွင်ခဲ့သည့် ကျမ်းသည် ပါဠိသဒ္ဒါကျမ်းများ၏ ရှေ့သွားဦးဆောင်ကျမ်း၊ လမ်းထွင်ကျမ်း၊ လမ်းပြကျမ်းအဖြစ် ရဟန်းရှင်လူတို့က တညီတညွတ်တည်း လက်ခံကြသည်။ ထိုကျမ်းသည် ရှေးကျသော ကျမ်းဖြစ်သည့်အပြင် ရွတ်ဖတ်၍ ချောမောပြေပြစ်ခြင်း၊ ပေါ်လွင်ထင်ရှားခြင်းစသော ဂုဏ်တို့ကြောင့် သိရိလင်္ကာနှင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံများတွင် ပါဠိသဒ္ဒါနှင့် ပက်သက်လာလျှင် အများစု အသုံးပြုနေကြသော ကျမ်းတစ်ဆူဖြစ်သည်။ ပါဠိဘာသာဖြင့် ရေးသားထားသော ထိုကျမ်းကို လေ့လာလိုသူများ အဆင်ပြေစေရန် အင်းစိန် ရွာမပရိပတ္တိဆရာတော်က ယခုစာအုပ်ကို ရေးသားပြုစုထားခြင်းဖြစ်ပြီး ကျမ်းကိုးအဖြစ် သပြေကန်သဒ္ဒါနိဿယနှင့် ကစ္စည်းဘာသာဋီကာတို့ကို အဓိကကိုးကားထားသည်။ စာအုပ်တွင် ကစ္စည်းသဒ္ဒါကြီး တစ်ကျမ်းလုံး၏ နိဿယအားလုံးကိုလည်းကောင်း၊ ပြယုဂ်များ ရုပ်ပြီးပုံများကို လည်းကောင်း၊ နိဿယနှင့် ရုပ်ပြီးဆိုင်ရာ ဝိနိစ္ဆယမှတ်ချက်များကိုလည်းကောင်း၊ ပုဒ်ခွဲ သုတ်အမျိုးအစား တိကျသော ကျမ်းညွှန်းများ ပြဆိုခြင်းဖြင့်လည်းကောင်း လိုအပ်သမျှ ပြည့်စုံအောင် စီစဉ်ထားသည်ဟု ဆိုသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|