|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာ့ရှေးဟောင်းလက်မှုပညာရပ်များ တိမ်တောကွယ်ပျောက်ခြင်း မရှိစေရန် မြန်မာနိုင်ငံ သုတေသနအသင်းကြီးမှ ထုတ်ဝေလိုက်သည့် ဤကျမ်းစာအုပ်တွင် ဗိသုကာ လက်သမားကျမ်းမှတ်စုနှင့် ပန်းချီကျမ်းတို့ ပါဝင်သည်။ လက်သမားကျမ်းတွင် သစ်အရပ်အဟော၊ လဆန်းမြေခံ၊ လဆုတ်မြေခံ၊ ပန္နက်ချနည်း၊ မြေနတ် ပူဇော်နည်း၊ လှေကားလုပ်ရိုးစနစ်၊ အိမ်တက်သိမ်းသောအခါ ထားရာသော ပစ္စည်းများ၊ စနစ်လုပ်ရိုးဥပဒေအပါအဝင် အိမ်ဆောက်သူများ သိထားအပ်သည့် မြန်မာ့လောကီပညာရပ်များကို လည်းကောင်း၊ ပန်းချီကျမ်းတွင် ပန်းချီဆေးဖော်နည်းမျိုးစုံအပြင် ဆေးဆိုးနည်း အမျိုးမျိုး၊ မီးပန်းဖော်နည်း အမျိုးမျိုး၊ ကန့်ချက်နည်း၊ ဒုတ္ထာပြုလုပ်နည်း၊ ယိုးဒယားဘုရင်က ဆက်သသော ပညာမျိုးဖြစ်သည့် ဒန်သတ်စီရင်နည်း၊ စိန်သေစီရင်နည်း၊ ပယင်းတုစီရင်နည်း၊ ဇင်းမယ်ဘုရင်က ဆက်သသော ပြာအမျိုးမျိုးစီရင်နည်းများကို စုံစုံလင်လင် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|