|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ရွှေမြန်မာတို့၏ ရယ်ရွှင်ပေါ့ပါး သင်္ဘောပေါ်မှဇာတ်လမ်းများ (အတွဲ ၁)
-
-
Author(s):
ဒွန်မှူး
- Type: Myanmar Books
-
Category:
ဟာသ / သရော်စာ
- No of Pages: 168
- Binding: Paperback
- Publication Month Year: May-2010
- Size: 12 cm x 18 cm
|
- Description: တတိယအင်ဂျင်နီယာရာထူးဖြင့် နိုင်ငံတကာ သင်္ဘောလိုင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူသည် သူ သင်္ဘောလိုက်ရင်း တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ရယ်ရွှင်ပေါ့ပါးဟာသဝတ္ထုတိုများအဖြစ် သောကြာစာစောင်တွင် ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုဝတ္ထုတိုများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဒီလို ဒီလို ခေါ်ကြရအောင်၊ မှိုများဖြင့် မထိဝံ့ပြီ၊ ရွှေနားတော် လေချော်လိုက်ပုံက၊ အော်ပရေးရှင်း ငှက်ပျောအူ၊ နောက်မှလာတဲ့ မောင်ပုလဲ၊ အရွယ်လွန်သင်္ကြန်၊ ဘယ်သူပြိုင်လို့ သောက်ပါတော့နိုင်၊ ပနားမားမှာ တစ်ခါကြုံတယ်၊ ဘာဘီကျူးဝေဒနာ၊ ဂိုးလ်ဒင်းဝမ်းကော၊ ဝတ်ကြမလား ဂျင်းဘောင်းဘီ၊ ထူးခြားတဲ့ အမူးသမား၊ အမည်သညာ ခေါ်စရာကား၊ သီချင်းရှင်နှင့် ဒါဝင်၏ ဘိုအေများ၊ အမှတ်တရ အလက်ဇန္ဒြီးယား အစရှိသည့် ဟာသဝတ္ထုတိုများ ပါရှိသည်။ သောကြာစာစောင် တာဝန်ခံ အယ်ဒီတာ ဝေသာက “... ဟာသ အယ်ဒီတာတစ်ယောက်အနေဖြင့် စာမူမျှော်ရသော စာရေးဆရာကား လစဉ် လက်ချိုးလို့ပင်ရသည်။ ထိုမျှော်ရသော စာရေးဆရာများထဲတွင် ဒွန်မှူးကား ရှေ့ဆုံး၌ ရှိနေတတ်သည်။ ... ”ဟုပင် စာရေးသူ၏ ကလောင်အားကို အမှာစာတွင် ချီးမွမ်းဖွင့်ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|