|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၈၈ အရေးအခင်းတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့သူ ကုန်သွယ်ရေး ဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၏ ငယ်ဘဝမှတ်တမ်းဖြစ်သည်။ ငယ်စဉ်က မိခင်ကွယ်လွန်ခဲ့၍ ဖခင်၏ သွန်သင်ဆုံးမမှုဖြင့် ကြီးပြင်းလာခဲ့ရသူ စာရေးသူက ဤစာအုပ်တွင် သူငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရသည့် ဂျပန်ခေတ် အတွေ့အကြုံများ၊ ရောင်စုံသူပုန်များခေတ်၌ ၁ဝ တန်း ကျရှုံး၍ စိတ်လေနေစဉ် ဗိုလ်လောင်းသင်တန်းကြော်ငြာတစ်ခုကို တွေ့မိရာမှ တပ်ထဲသို့ ရောက်ရှိလာပုံ၊ ဗိုလ်လောင်းဘဝတွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး အယ်လ်ခွန်နောင်အပါအဝင် ဆရာကောင်းများနှင့် တွေ့ဆုံ၍ ပညာသင်ယူခဲ့ပုံများ၊ မျက်စိဆေးစစ်ခြင်း မအောင်သဖြင့် တပ်မတော်(လေ)မှ (ကြည်း)သို့ ပြောင်းရွေ့ခဲ့ရပုံ၊ ကျောင်းပြီးနောက် ရှေ့တန်းတပ်စခန်းများတွင် ရွံ့ရွံ့ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ပုံ၊ အမေရိကန်သို့ အမြောက်ဆက်သွယ်ရေး အရာရှိသင်တန်း တက်ရောက်ရန် ရွေးချယ်ခြင်း ခံရပုံနှင့် သင်တန်းသွားတက်ခဲ့ပုံ၊ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ၁၉၆၂ ကျောင်းသားအရေးအခင်း၊ ၁၉၆၄ ခုနှစ် ၁ဝဝ တန်နှင့် ၅ဝ တန် ငွေစက္ကူများ တရားဝင်ငွေအဖြစ်မှ ရပ်စဲခြင်း ဖြစ်ရပ်များ၊ ဗန်းမော်နယ်တွင် K.I.Aနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံများနှင့် အခြားတပ်အတွေ့အကြုံများကို စိတ်ဝင်စားဖွယ် ရေးသားထားသည်ကို တွေ့ရသည်။ ဤစာအုပ်သည် စာရေးသူကိုယ်တိုင် ၁၉၄၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရသည်များကို ရေးသားထားခြင်းဖြစ်ပြီး ပထမတွဲအနေဖြင့် ထုတ်ဝေထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|