|
Myanmar Books
Publishers
|
|
'စံရှား'
,
'စာမေးပွဲ'
,
'နတ်မှူး'
,
'ccnp'
,
'ရေဥပဒေ'
,
'မင်းကွန်းပုထိုး'
,
'မဟာဒုဂ်'
,
'ရွှေလှံဗိုလ်'
,
'Lev Tolstoy'
,
'မဟတ္တမဂန္ဓီ'
,
'ရမ်းဗြဲ'
,
'ဇေတဝန်ဆရာတော်'
,
'ပုံသေနည်း'
,
'ပရိတ်ကြီး ၁၁ သုတ်'
,
'ညောင်ဦး'
,
'Food Magazine'
,
'အနွေးခံကိရိယာ'
,
'ခေါင်း'
,
'Gender'
,
'မှန်ကင်းတောင်တိုက်ပွဲ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာ့ရနံ့ (လက်ရွေးစင် ဝတ္ထုတိုများ)
-
-
Author(s):
ကြူကြူသင်း
- Type: Myanmar Books
-
Category:
ဝတ္ထုတို
- No of Pages: 197
- Binding: Paperback
- Publication Month Year: Oct-2010
- Size: 13 cm x 19 cm
|
- Description: ရေကြည်ချမ်းမြ၊ သားမာန်၊ သမုဒ္ဒရာထဲမှာ၊ မုဒိတာအရိပ်၊ ပေးတတ်လျှင်ရသည်၊ နေနဲ့လ၊ အညာသားနှင့် အောက်သူ၊ ပိန်းတောကျေးရွာသူ့အလွမ်း၊ ညိုရဲ့ကို၊ အသည်းနှလုံးကို ဖုံးကွယ်၊ ဂရုဏာရှင်မိခင်၊ အမေ့ရွာအပြန်၊ မလေးငုံ မှုန်ရွှေနှစ်ကယ်၊ မေတ္တာဘွဲ့၊ ခရီးအစ၊ ပန်းကလေးတစ်ပွင့် လေသင့်ရာမွှေး၊ မြို့လယ်က မဏ္ဍပ် အစရှိသည့် စာရေးသူ၏ ဝတ္ထုတို ၁၇ ပုဒ်ကို စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဝတ္ထုတိုများနှင့် ပတ်သက်၍ ဆရာအောင်သင်းက “ ... ဘာသာပြန်သလိုလို၊ မှီးသလိုလို အသုံးအနှုံး အဖြစ်အပျက် အရေးအသားမျိုး တစ်ငွေ့မျှပင် မတွေ့ရပါလေ၊ သစ်ပင် တောတောင် ရေမြေကစ၍ ဝတ္ထုထဲကလူတွေအားလုံးကလည်း ကြီးကြီးငယ်ငယ် ယောက်ျား မိန်းမဟူသမျှ၏ တွေးခေါ်စဉ်းစားပုံတို့မှာ တကယ့်ကို မြန်မာပီသလှသည်။ တွေးပုံ၊ စဉ်းစားပုံ၊ ခံစားပုံတွေက မြန်မာ့ရနံ့ တသင်းသင်းပျံ့နေလေတော့ အပြုအမူတွေကလည်း မြန်မာစစ်စစ်တို့၏ ကာယကံစစ်စစ်ဖြစ်လာရပြန်သည်။ ကြူကြူသင်း၏ အာရုံကျက်စားရာကို ရှာကြည့်လိုက်သော အချစ်ကို စိတ်ဝင်စားသည်ဟု ထင်လိုက်ရသည်။ သို့သော် နောက်တစ်ကြိမ်ထပ်ပြီး စဉ်းစားလိုက်မည်ဆိုလျှင် သူတစ်ကယ် စိတ်ဝင်စားသည်မှာ အချစ်၏ နောက်ဘက်ရှိ အဆင့်မြင့်၍ လေးနက်လှသော မေတ္တာကိုသာ စိတ်ဝင်စားကြောင်း တွေ့လာနိုင်ပါသည်။ ...”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|