|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နံနက်စောစောအခါနှင့် ညအခါတို့၌ လမှအပ အထွန်းအလင်းဆုံးဂြိုဟ်အဖြစ် မြင်တွေ့နိုင်သည့် သောကြာဂြိုဟ်သည် နက္ခဗေဒင်ပညာ၌ မည်မျှအရေးပါအရာရောက်သည်ကို အသေးစိတ် လေ့လာသုတေသနပြုထားသော စာအုပ်ဖြစ်သည်။ အလှ၊ ပျော်ရွှင်မှု၊ အချစ်ဂြိုဟ်အဖြစ် ကမ္ဘာတစ်လွှားမှ လက်ခံထားကြသလို စိတ်ကို အဆင့်မြင့်တိုးတက်သန့်စင်စေမှု မှန်သမျှနှင့် ပတ်သက်လာလျှင် နက္ခတ်သမားတို့ မလွတ်တမ်း စစ်ဆေးတတ်ကြသည့် သောကြာဂြိုဟ်အကြောင်းကို ဤစာအုပ်တွင် အခန်း ၈ ခန်းခွဲ ဖော်ပြထားသည်။ သောကြာဂြိုဟ်၏ အထွေထွေပုံသဏ္ဌာန်၊ တိုးတက်မှု၊ ဂြိုဟ်၏ လက္ခဏာရပ်များသည် မူလဇာတာ (သို့) ဟူးရားဗေဒင်ပြဿနာဇာတာ (သို့) သံဟိတဇာတာ၌ အနေအထားအမျိုးမျိုးကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အလွန်အရေးပါပုံ၊ အိမ်ထောင်ပြုခြင်းနှင့် ဆက်နွယ်သည့် အိမ်အသီးသီးကို စဉ်းစားသည့်အခါ ၎င်းဂြိုဟ်သည် အိမ်ထောင်၏ ကာရကဖြစ်၍ အမြဲတမ်း ထည့်သွင်းစဉ်းစားရပုံ၊ ရာသီအသီးသီးရှိ သောကြာဂြိုဟ်၏ ရလဒ်များ၊ ထိုရလဒ်များကို စဉ်းစားသည့်အခါ ပညာရှင်အသီးသီး၏ အယူအဆ၊ နက္ခတ်အမျိုးမျိုး၌ရှိသည့် သောကြာနှင့် နောက်ဆုတ်နေသည့် သောကြာတို့အကြောင်း၊ လဂ်တစ်ခုစီအတွက် သောကြာသည် အလွန်အရေးကြီးသည့် အခန်း၌ပါဝင်ပုံတို့ကို စာရေးသူ လွန်ခဲ့သည့် နှစ် ၃ဝ မှစတင်၍ ကိုယ်တိုင်အသုံးပြုရန် စုဆောင်းလာခဲ့သည့် မှတ်စုများအပေါ် အခြေခံပြီး ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|