|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အသက် ၁၃ နှစ်အရွယ်တွင် ဆေးအကြိုသင်တန်း (မန္တလေး)တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၁၉၆၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်၏ ဆရာဝန်ဘွဲ့၊ ၁၉၆၉ ခုနှစ်၌ လန်ဒန်တက္ကသိုလ်၏ ဆေးပညာ ပါရဂူဘွဲ့၊ အမေရိကန်ပြည်ထောင်စု မိရှိဂန်ပြည်နယ် တက္ကသိုလ်မှ ဆေးပညာသိပ္ပံ မဟာဝိဇ္ဇာဘွဲ့လက်မှတ်၊ ၎င်းတက္ကသိုလ်မှပင် လူ့ဆေးပညာကောလိပ်နှင့် အရိုးအရင်းခံ ကောလိပ်မှ M.Dဘွဲ့နှင့် ဆေးပညာပါရဂူဘွဲ့ အပါအဝင် ပြည်တွင်း၊ ပြည်ပ ဘွဲ့လက်မှတ်များစွာကို ရရှိခဲ့သူ၊ အိမ်ထောင်ရေး ဆေးပညာပေးစာအုပ်များဖြင့် တစ်ခေတ် ထူထောင်နိုင်ခဲ့သူ၊ လက်ရှိတွင် မလေးရှားနိုင်ငံ ကူးချင်းမြို့ရှိ ဆာရာဝပ်ပြည်နယ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ စာရေးသူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စာအုပ်တွင် စာရေးသူ၏ မျိုးရိုးဇာတိ၊ မန္တလေး ဆေးအကြိုကျောင်းသားဘဝ၊ ရန်ကုန်တက္ကသိုလ် ဆေးအကြိုကျောင်းသားဘဝနှင့် ရန်ကုန်တက္ကသိုလ် ဆေးကောလိပ်များတွင် ပညာဆည်းပူးခဲ့ပုံ၊ ဆရာဝန်ဖြစ်ပြီးနောက် စစ်ဘက်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ပြင်ဦးလွင်၊ တောင်ကြီး၊ မိုင်းတုံ၊ လားရှိုးအပါအဝင် မြန်မာပြည်အနှံ့တွင် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ စစ်ဘက် အတွေ့အကြုံများ၊ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပုံ၊ ဆေးတက္ကသိုလ် ၂ တွင် စာသင်ကြားပေးခဲ့ပုံ၊ ဆေးကုသမှု အတွေ့အကြုံ၊ စာပေနယ်ထဲသို့ ဝင်ရောက်လာခဲ့ပုံ၊ လက်ရှိ မလေးရှားတွင် တာဝန်ထမ်းဆောင်ရင်း ထိုင်း၊ မလေး၊ စင်ကာပူ၊ သြစတေးလျနိုင်ငံများသို့ အလည်ခရီးထွက်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|