|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ် မြန်မာပြန်(အတွဲ ၁)
-
-
Author(s):
လယ်တီ အရှင်ကေလာသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 376
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 16 cm x 23 cm
|
- Description: မြတ်ဗုဒ္ဓရှင် ဘုရားဖြစ်တော်မူပြီးသည့်နောက် ၉ လမြောက်တွင် တစ်ကြိမ်၊ ၅ ဝါရတွင် တစ်ကြိမ်၊ ၈ ဝါရတွင် တစ်ကြိမ် ကြွတော်မူခဲ့သော သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းသည် မဇ္ဈိမဒေသပြီးနောက် ပဓာနဗုဒ္ဓနိုင်ငံတော် ဖြစ်လာခဲ့ရာ မြန်မာရဟန်းတော် အဆက်ဆက်သည် ထေရဝါဒ အခြေခိုင်လှသော သီဟိုဠ်သို့ သွားရောက်ကာ ပရိယတ်၊ ပဋိပတ် ဓမ္မအမွေ ခံယူခဲ့ရသည်။ ထို့အတူ သီဟိုဠ်ထွက် အဘိဓမ္မတ္ထဝိဘာဝီဋီကာ (ဋီကာကျော်)သည်လည်း မြန်မာနိုင်ငံ၏ ပရိယတ္တိစာပေသင်ကြားမှုတွင် နှစ်ပေါင်းကြာမြင့်စွာ အဓိကနေရာမှ နေရာယူခဲ့သည်။ အေဒီ ၁၉ ရာစု ခန့်တွင် မြန်မာပြည်မှ ရဲရဲတောက် ရဟန်းတော် ရှင်ဉာဏဓဇ ခေါ် လယ်တီဆရာတော် ပေါ်ထွန်းခဲ့ရာ အထက်ပါ ဋီကာကျော်ကျမ်းနှင့် အဘိဓမ္မတ္ထသင်္ဂဟဋီကာ နှစ်ကျမ်း၏ မှားယွင်း ချွတ်ချော်မှုပေါင်း ၂၄၅ ချက်ကို ဆရာတော်သည် “ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ်”ကျမ်း ရေးသားခြင်းဖြင့် ထောက်ပြခဲ့သည်။ ထိုအခါ ဋီကာကျော်ကို ထောက်ခံသူတို့က တစ်ဖက်၊ လယ်တီဆရာတော်တို့က တစ်ဖက် အပြန်အလှန် အငြင်းပွားခဲ့ပြီး ထိုငြင်းခုံမှုမှာ နှစ်ပေါင်း ၃၅ နှစ်တိုင် ကြာမြင့်ခဲ့သည်။ ဆရာတော်၏ ထောက်ပြချက်ကို လန်ဒန်ပါဠိအသင်းနှင့် သီဟိုဠ်ဆရာတော်ကြီးများကပင် အလေးအမြတ်ပြုခဲ့ပြီး သီဟိုဠ်အချို့တက္ကသိုလ်များတွင်ပင် လယ်တီဆရာတော်၏ ကျမ်းကို ပြဋ္ဌာန်းစာ သင်ရိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ယခုစာအုပ်သည် လယ်တီဆရာတော် ပါဠိဘာသာဖြင့် စီရင်ရေးသားခဲ့သည့် “ပရမတ္ထဒီပနီ ခေါ် သင်္ဂြိုဟ်မဟာဋီကာသစ်”ကျမ်းကို လယ်တီအရှင်ကေလာသက မြန်မာပြန်ဆိုထားခြင်းဖြစ်သည်။ ယခုပထမတွဲတွင် စိတ်၊ စေတသိက်၊ ပကိဏ်းပိုင်းများ ပါရှိသည်။ မြန်မာပြန်ဆိုချက်အပြင် လယ်တီအရှင်ကေလာသ၏ ထေရုပ္ပတ္တိနှင့် သင်္ဂြိုဟ်နှင့် သင်္ဂြိုဟ်မဟာဋီကာသစ် စစ်တမ်းများကိုပါ ထည့်သွင်းဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|