|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာသည့်အခါ သက်ဆိုင်ရာနိုင်ငံများ၏ တိုင်းရင်းဆေးတို့ အနည်းငယ်မှေးမှိန်လာကြသည်။ သို့သော် ခေတ်မှီဓာတုနည်းဖြင့် ဖော်စပ်ထုတ်လုပ်ထားသော ဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးအနည်းနှင့် အများ ရှိကြသည် ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းသော တိုင်းရင်းရိုးရာဆေးဝါးများဘက်သို့ ပြန်လှည့်ကြသည်။ ယခုစာအုပ်တွင် နိုင်ငံတကာမှ တိုင်းရင်းဆေးနည်းများကို မိတ်ဆက်ဖော်ပြပြီး ယင်းဆေးနည်းများ၏အကျိုးဆက်များကိုပါ ဖော်ထုတ်ထားသည်။ အချိန်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရ၍ ဆေးရုံဆေးခန်းသို့ မသွားရောက်နိုင်သူများ၊ ကျန်းမာရေးလိုက်စားသူများအတွက် မိမိဘာသာ ကုသနိုင်သည့် ကုထုံးနည်းများစွာကို ဖော်ပြထားသော ကျန်းမာရေးလမ်းညွှန်စာအုပ်ဖြစ်သည်။ ဦးခေါင်းနှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ဝေဒနာများ၊ အစာအိမ်ဆိုင်ရာ ရောဂါများ၊ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ အကြောလွဲ၊ အကြောတင်ခြင်း၊ အရေပြားနှင့် ဆံပင်ပြဿနာများ၊ အမျိုးသမီး ကျန်းမာရေးပြဿနာများ၊ ကလေးကျန်းမာရေးပြဿနာများ၊ စိတ်နှင့် ပတ်သက်သော ဝေဒနာများနှင့် အခြားကုထုံးများကို ရောဂါဖြစ်ရသည့်ငအကြောင်းရင်း၊ ရောဂါဖြစ်စေမည့် လက္ခဏာများ၊ ဆေးဝါးကုထုံးများ၊ လက်နှိပ်ကုထုံးများ၊ ရနံ့ကုထုံးများ၊ ယောဂကျင့်စဉ်ကုထုံးများအဖုံဖုံကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ ရှင်းလင်းလမ်းညွှန်ထားသည်။ ကိုယ်ခန္ဓာကျန်းမာရေးနှင့်အတူ စိတ်ကျန်းမာရေးအတွက် စိတ်ဖိစီးမှု လျော့နည်းစေရန် လျော့ချနည်းများ၊ အသက်ရှုလေ့ကျင့်နည်းများနှင့် စိတ်ကြောင့် ဖြစ်ပေါ်တတ်သော စိတ်ကျဝေဒနာကုထုံးများကိုပါ လက်တွေ့ကုသနိုင်သည့် နည်းလမ်းများ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|