|
Myanmar Books
Publishers
|
|
'သုန္ဒရ'
,
'ဆရာသက်'
,
'အသုပ်စုံ'
,
'Edison'
,
'ယုဝတီခင်စိန်လှိုင်'
,
'အရက်ဆိုးကျိုး'
,
'အိပ်ရာဝင်ပုံပြင်'
,
'graphic'
,
'point'
,
'စာပေအမြင်'
,
'ခက်ဇော်'
,
'IQ'
,
'Spy'
,
'သေနတ်'
,
'Orwell'
,
'tanu sri culture'
,
'မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ('
,
'စော်ဘွား'
,
'ဂမန'
,
'Financial'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးသူ ဆရာမြသန်းတင့်သည် နိုင်ငံရေးပုဒ်မဖြင့် ထောင်တွင်း အကျဉ်းချထားခြင်း ခံရစဉ် သူတွေ့ဆုံခဲ့ရသည့် ဖောက်ထွင်းသမားတစ်ယောက်အကြောင်းကို ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။ ဆင်းရဲနိမ့်ကျသော ဘဝမှာ ကြီးပြင်ခဲ့ပြီး လောင်းကစား ပတ်ဝန်းကျင်တွင် ကျင်လည်ခဲ့ရသော ကျော်မောင်မှာ ဖဲရှုံးလျှင် မိခင်၏ ငွေကြေးပစ္စည်းများကို ခိုးယူခဲ့ရာမှ နောက်ပိုင်းတွင် သူခိုးကြီးဘဝသို့ တစ်စထက် တစ်စ ရောက်ရှိသွားတော့သည်။ ခဏ ခဏ ထောင်ကျခဲ့ရပြီး အမှောင်လောကတွင် နာမည်ကြီး ဖောက်ထွင်းဝိဇ္ဇာတစ်ယောက် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာဘဦး၏ အိမ်ကို ဖောက်ထွင်းခိုးယူသည်အထိ အတင့်ရဲလာခဲ့ပြီး အမှုကျူးလွန်နေခိုက် အိမ်ရှင်များနိုးသွားသဖြင့် ဒေါက်တာဘဦးနှင့် အိမ်သားများကို လက်ပြန်ကြိုးတုတ်ကာ ရွှေငွေပစ္စည်းများကို လုယက်ထွက်ပြေးခဲ့သည်။ နောက်ဆုံးတွင် ရဲဘက်မှ မိသွားခဲ့ပြီး ထောင်ကျခဲ့ရသည်။ ထိုသို့ ထောင်ကျခဲ့စဉ်အတွင်း စာရေးသူနှင့် တွေ့ဆုံမိကာ မိတ်ဆွေဖြစ်ခဲ့ရခြင်းဖြစ်သည်။ စာအုပ်တွင် သူ၏အကြောင်းသာမက သူ၏ အချစ်ရေးနှင့် အမှောင်လောကသားတို့အကြောင်းကိုပါ မချွင်းမချန် ထုတ်ဖော်ရေးသားထားသည်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|