|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာနိုင်ငံနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုတို့ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ ဆိုဗီယက်ပြည်ထောင်စု၏ ဖတ်ကြားမှုဖြင့် စာရေးသူ၊ စာရေးဆရာ မုံရွာဝင်းဖေနှင့် စာရေးဆရာ မစန္ဒာတို့အဖွဲ့သည် ၁၉၉၁ ခုနှစ်က ၁ဝ ရက်ကျော်ကြာ ဆိုဗီယက်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ ထိုခရီးစဉ် အစအဆုံးကို မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။ ခရီးသွားမှတ်တမ်းစာအုပ်များတွင် နည်းပါလှသည့် ဆိုဗီယက်ပြည်ထောင်စု လေ့လာရေးခရီးစဉ်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးဆရာကိုယ်စာလှယ်အဖွဲ့အနေဖြင့် ကိုယ်စားပြုသွားရောက်ခြင်း ဖြစ်သည့်အတွက် ဆိုဗီယက်စာရေးဆရာများ၊ အသင်းအဖွဲ့များနှင့် ခရီးစဉ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာကျော် ရုရှကဗျာဆရာ ယက်ဗ်တူရှင်ကဲ့သို့ ကမ္ဘာကျော်ပုဂ္ဂိုလ်များကို သွားရောက်တွေ့ဆုံခဲ့သည့်အပြင် ခမ်းနာကြီးကျယ်လှသည့် လီနင်စာကြည့်တိုက်၊ မော်စကိုတက္ကသိုလ်၊ နာမည်ကျော်ကြားသူတို့၏ ဂူဗိမာန်၊ ကရင်မလင်နန်းတော်နှင့် ရင်ပြင်နီ၊ လီနင် ဂူဗိမာန်၊ အညတရ သူရဲကောင်း စစ်သည်ဗိမာန်၊ ယူကရိန်းပြည်နယ်မြို့တော် ကိယ်ဗ်၊ ရှက်ချင်ကိုပြတိုက်၊ နီးပါးကိယက်ဗ်မြို့ ဆိပ်ကမ်းအပါအဝင် အထင်ကရနေရာများသို့ သွားရောက်လေ့လာ မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|