|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကမ္ဘာအရပ်ရပ်မှာ ရှိသည့် အောင်မြင်သူ အသီးသီးတို့၏ အောင်မြင်မှု အရင်းအမြစ်များကို နှစ်ပေါင်းများစွာ တူးဆွဖော်ထုတ်ခဲ့မှု၏ အသီးအပွင့်အဖြစ် ထွက်ပေါ်လာသည့် Brain Tracy၏ Great Little Book on Universal Laws of Successကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ဤစာအုပ်ပါ နီတိများကို စုစည်းတင်ပြနိုင်ရန်အတွက် နှစ်ပေါင်း ၃ဝ ခန့် အချိန်ယူခဲ့ရပြီး နိုင်ငံပေါင်း ၈ဝ ခန့်ကို လှည့်လည်ဆည်းပူးခဲ့ရသည်ဟု ဆိုသည်။ စာအုပ်တွင် စာမျက်နှာပေါင်း ၁၁၉ မျက်နှာပါရှိပြီး အကြောင်းအရာအားဖြင့် တစ်မျက်နှာလျှင် တစ်ခုနှုန်းပါရှိပါသည်။ စာအုပ်ပါ လမ်းညွှန်နီတိများသည် ကျွန်ုပ်တို့ နေ့စဉ်ရင်ဆိုင်နေရသည့် ပြဿနာတို့နှင့် တစ်နည်းမဟုတ် တစ်နည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ဘဝအောင်မြင်ရေးအတွက် အတွေ့အကြုံရင့်ကျက်ပြီးသူများထံမှ လမ်းညွှန်ချက်ကို ခံယူလိုသူတိုင်း ဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ နီတိကျမ်းပီပီ လမ်းညွှန်ချက်တို့မှာ တိုတောင်းသော်လည်း ထိရောက်မှု ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|