|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကိုလိုနီခေတ် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ထူထောင်ဖွဲ့စည်းရာတွင် ရှေ့တန်းမှပါဝင်ခဲ့သူ၊ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် ဝန်ကြီး၊ ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရစဉ်က ပြည်ထဲရေးဝန်ကြီး၊ ဖဆပလ အဖွဲ့ နှစ်ခြမ်းကွဲသွားသောအခါ ဦးနုကို ဆန့်ကျင်ပြီး ဒုဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်၍ ဦးဗဆွေဘက်မှ ပါဝင်ခဲ့သူ၊ ကွန်မြူနစ်ဝါဒကို ဘဝသက်တမ်းတစ်လျှောက် တစ်စိုက်မတ်မတ် ဆန့်ကျင်ခဲ့သူ ဦးကျော်ငြိမ်း၏ ဘဝဖြစ်စဉ်ကို သူ၏ ငယ်ပေါင်း ရောင်းရင်းသူငယ်ချင်းဖြစ်သည့် စာရေးသူ သိန်းဖေမြင့်က မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ဦးကျော်ငြိမ်းက အမှာစာရေးပေးထားရာ၌ “ဦးသိန်းဖေမြင့်ရေးသော ကျွန်တော့အတ္ထုပ္ပတ္တိသည် သာမန်အတ္ထုပ္ပတ္တိမျိုး မဟုတ်ဘဲ ငယ်ရာက ကြီးလာကြပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် စစ်ကြိုခေတ် လူငယ်ခေါင်းဆောင်များ၏ လွတ်လပ်ရေး ကြိုးပမ်းမှုအကြောင်းကို နောက်ခံကားအနေဖြင့် ဖော်ပြထားသဖြင့် အနာဂတ်သမိုင်းရေးဆရာများနှင့် ပြည်သူလူထုအတွက် စိတ်ဝင်စားဖွယ် ဖြစ်လိပ်မည်ဟု မျှော်လင့်ပါသည်”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|