|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပရိဝါသဝိဓိ
-
-
Author(s):
ဦးဃောသိတ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 84
- Binding: Paperback
- Publication Month Year: Sep-1997
- Size: 17 cm x 22 cm
|
- Description: ၂၂၇ သွယ်သောသိက္ခာပုဒ်များဟူ၍ လူသိများသော ရဟန်းဝိနည်းစည်းကမ်းများကို ရဟန်းတစ်ပါးပါးသည် ဖောက်ဖျက်မိပါက မိမိဖောက်ဖျက်မိသော အပြစ်ကြီးငယ်အလိုက် အမျိုးအစား ၇ မျိုး (အုပ်စုအားဖြင့် ၃ စု)ခွဲကာ အပြစ်ကျခံစေရန် ဘုရားရှင်သည် မိန့်မှတ် ပညတ်ထားတော်မူခဲ့သည်။ ပါရာဇိက အပြစ်သင့်လျှင် ရဟန်းအဖြစ် ကုစားရာလမ်းမရှိတော့ဘဲ လမ်းပိတ်သွားပြီဖြစ်သည်။ အခြားအမျိုးအစားများတွင် ရဟန်းအချင်းချင်း ဒေသနာပြောရုံမျှဖြင့် အပြစ်များ ပြေပျောက်နိုင်သည့် အပြစ်များရှိသလို ဒေသနာပြောရုံမျှဖြင့် မပြေပျောက်ဘဲ ပရိဝါသ်မာနတ် ဆောက်တည်ကျင့်သုံးကုစားမှသာ ပြေပျောက်နိုင်သည့် တစ်နည်းအားဖြင့် အပြစ်မှ ထမြောက်သည့် “သံဃာဒိသေသ်”အပြစ်များလည်း ရှိကြသည်။ ယခုစာအုပ်တွင် “ဝတ်ဆောက်တည်သည်”၊ “ဝတ်စောင့်သည်”ဟူ၍ ခေါ်ဝေါ်သုံးစွဲနေကြသည့် ပရိဝါသ် မာနတ် ဆောက်တည်ကျင့်သုံးမှုနှင့် ပတ်သက်၍ ကျင့်ရသည့်အပိုင်း၊ စည်းကမ်း၊ ကျင့်ဝတ် အစရှိသည်တို့ကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ ဝိနည်းရိုသေလေးစားသော ရဟန်းတိုင်းဆောင်ထားသင့်သော လက်စွဲစာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|