|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Professional တစ်ဦးအဖြစ် ပြည်တွင်းရော ပြည်ပမှာပါ ၃၆ နှစ်ခန့် ရုန်းကန်လှုပ်ရှားခဲ့ရသော စာရေးသူသည် အလုပ်ရရှိရန်အတွက် အင်တာဗျူးအမျိုးမျိုးကို ဝင်ရောက်ဖြေဆိုခဲ့ရဖူးသလို ရာထူးအဆင့်အတန်း အတော်အတင့်ရလာသောအခါတွင်လည်း ဝန်ထမ်းရွေးချယ်ရေးအတွက် အင်တာဗျူးခဲ့ရပြန်သည်ဟုဆိုသည်။ ထိုသို့ အင်တာဗျူးဖြေသူ (Interviewee)အဖြစ်လည်းကောင်း၊ အင်တာဗျူးသူ (Interviewer)အဖြစ်လည်းကောင်း ရရှိခဲ့သည့် အတွေ့အကြုံများအရ အင်တာဗျူးတော်တော်များများတွင် အင်တာဗျူးဝင်ဖြေသူများအနက် အတော်ဆုံးဆိုသူထက် အကောင်းဆုံးဖြေနိုင်သူများသာ အရွေးခံရလေ့ရှိသည်ဟုလည်း ဆိုသည်။ အလုပ်ရှင်က အင်တာဗျူးဖြေသူဆီက ဘာသိလိုလဲ၊ ဘယ်လိုမေးခွန်းတွေ မေးလေ့ရှိလဲ၊ အင်တာဗျူးဖြေသူများ မှားတတ်သည့် အမှားများ၊ မိမိ၏ backgroundနှင့် ကျွမ်းကျင်မှုကို အလုပ်ရှင်အကြိုက်တွေ့အောင် တင်ပြနည်း၊ မိမိအားနည်းချက်ကို အားသာချက်ဖြစ်အောင် တင်ပြနည်း၊ မေးလာသည့်မေးခွန်းအမျိုးမျိုးကို ယုံကြည်မှု အပြည့်အဝနှင့် ဖြေဆိုနည်းမှ စတင်ကာ ဝတ်စားဆင်ယင်နည်းနှင့် ကိုယ်နှုတ်အမူအရာအထိတိုင်အောင် အင်တာဗျူးအကြောင်း သိကောင်းစရာများကို ယခုစာအုပ်တွင် အသေးစိတ် ရှင်းလင်းရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|