|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်တွင် ရှေ့တန်းမှ ပါဝင်ခဲ့သူ၊ ဂန္ထလောကနှင့် အိုးဝေမဂ္ဂဇင်းအပါအဝင် မဂ္ဂဇင်းအစောင်စောင်တွင် “နွားနှင့် သပိတ်”၊ “ငရဲခွေးကြီး”လို သရော်စာ၊ လှောင်စာများနှင့် နယ်ချဲ့ကို မထိတထိ ကလိခဲ့သူ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင်လည်း လွတ်လပ်သည့် နိုင်ငံသားအနေဖြင့် မတန်သော ဖြစ်ရပ်များကို ကလောင်ဖြင့် ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့သူ၊ အိုးဝေဂျာနယ်ခေတ်တွင် “မောင်သုမန” လက်ဖက်ရည်ကြမ်းဝိုင်းဖင့် ပြည်သူတို့ကို ပညာဗဟုသုတပေးခဲ့သူ၊ နောက်ဆုံးတွင် ပြောင်မြောက် သွက်လက်သော အရေးအသားတို့ဖြင့် “ကုန်းဘောင်ရှာပုံတော်”စာအုပ်ကို ပြုစုခဲ့သူ ဦးညိုမြ (M.Sc (Chicago)၊ နိုင်ငံဂုဏ်ရည် ဒုတိယအဆင့်၏ ဘဝမှတ်တမ်းစာအုပ်ဖြစ်သည်။ ဤစာအုပ်ပြုစုသူ တက္ကသိုလ်စိန်တင်သည် အိုးဝေဦးညိုမြ၏ တပည့်ရင်းဖြစ်ပြီး အိုးဝေသတင်းစာ တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အတွက် သူ့ဆရာရင်းအကြောင်းကို ခရေစေ့တွင်းကျ သိရှိသူဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်တွင် သူ့ဆရာအကြောင်းကို မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်များ၊ အိုးဝေခေတ်ကောင်းခဲ့စဉ်က ဦးညိုမြနှင့် လက်တွဲလုပ်ခဲ့သူများ၊ ဦးညိုမြ၏ မိသားစုဝင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်း အချက်အလက်စုစည်းပြီးနောက် ယခုစာအုပ်ကို ရေးသားလိုက်ခြင်းဖြစ်သည်။ တက္ကသိုလ်စိန်တင်၏ ရေးသားချက်များအပြင် သိပ္ပံမောင်ဝ၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မောင်ဝံသ၊ ကာတွန်းဖေသိန်း၊ မှော်ဝန်းကြည်မြတ်၊ ဌေးမောင်တို့၏ ဦးညိုမြအပေါ်အမြင် ဆောင်းပါးများကိုပါ ထည့်သွင်းရိုက်နှိပ်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|