|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ကမ္ဘာ့လူဦးရေ သန်း ၁၅ဝ သည် အာရုံကြောရောဂါ (သို့မဟုတ်) စိတ်ဝေဒနာများကို ခံစားနေရသည်ဟုဆိုသည်။ ထိုသန်း ၁၅ဝ တွင်မှ ၁၂၁ သန်းသော သူတို့သည် စိတ်ကျဝေဒနာကို ခံစာနေရပြီး နှစ်စဉ်နှစ်တိုင်း လူ ၁ သန်းသည် မိမိကိုမိမိ သတ်သေသွားကြသည်ဟုလည်းဆိုသည်။ ထို့ပြင် လူ ၃ ဦးတွင် ၁ ဦးက စိတ်ကျန်းမာရေးပြဿနာများ ရှိနေတတ်သည်ဟုလည်း မှတ်တမ်းများကဆိုသည်။ ထိုသို့ မိမိနှင့် မသက်ဆိုင်သည့်တိုင်အောင် မိမိပတ်ဝန်းကျင်ရှိသူများနှင့် သက်ဆိုင်မည့် စိတ်ကျန်းမာရေးပြဿနာအထွေထွေကို အင်တာဗျူးပုံစံဖြင့် ဤစာအုပ်တွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ မီးတွင်းချိန်ဖြစ်သည့် စိတ်ဝေဒနာ၊ ယဉ်ကျေးမှုအရ ကန့်သတ်ဆက်စပ်နေသည့် စိတ်ဝေဒနာ၊ အတက်ရောဂါ၊ ကူးစက်တတ်သည့် စိတ်ရောဂါ၊ စိတ်ကြောင့်ဖြစ်သည့် ပန်းသေပန်းညှိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် စိတ်ကျန်းမာရေးပြဿနာ၊ နှလုံးရောဂါများနှင့် စိတ်ကျန်းမာရေးပြဿနာ၊ ကင်ဆာအမျိုးမျိုးနှင့် စိတ်ကျန်းမာရေးပြဿနာ၊ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် စိတ်ကျန်းမာရေးပြဿနာ၊ အဝလွန်ရောဂါနှင့် စိတ်ကျန်းမာရေး ပြဿနာ အစရှိသည့် လူတိုင်းသိထားရမည့် စိတ်ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်သည့် မေးခွန်းများကို အမျိုးသားစာပေဆုရ စာရေးဆရာ မောင်မောင်ထွန်းအောင် (ကျန်းမာရေး)က မေးထားပြီး ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်က ဖြေကြားပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|