|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၄ဝ ခုနှစ်မှစ၍ ကျိုးအန်းလိုင်၏ နံဘေးတွင် ကိုယ်ရံတော်၊ တပ်ရေးဗိုလ်၊ စီမံခန့်ခွဲရေး အတွင်းရေးမှူး၊ အရေးကြီးလျှို့ဝှက်ဌာန အတွင်းရေးမှူး၊ ကိုယ်ရံတော်တပ်ဖွဲ့မှူးတာဝန်များကို ယူခဲ့ရသူ ဟိုဆုယင်းဆိုသူ၏ သူတွေ့ကြုံ ထိတွေ့ခဲ့ရသော ကျိုးအန်းလိုင်အကြောင်း ပြောကြားချက်များကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ရာစုနှစ်တစ်ဝက်ကျော်ကျော်က တရုတ်ပြည်သည် နတ်နှင့် သူတော်စင်ခေတ်ကို ဖြတ်သန်းခဲ့သည်ဟုဆိုကြရာ နတ်ဆိုသည်မှာ မော်စီတုန်းဖြစ်ပြီး သူတော်စင်ကတော့ ကျိုအန်းလိုင်ဖြစ်သည်ဟု ဆိုလိုသည်။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နှင့် ရည်မွန်သူ၊ ဟန်ပန်အမူအရာ ကြော့ကြော့မော့မော့ရှိသူ၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းလောက်အောင် စိတ်စေတနာ ထက်သန်သူ၊ ဖော်ရွေကြင်နာသူ၊ ကြိုးကြိုးကုတ်ကုတ်နှင့် အပြတ်မလတ် လုပ်သူ၊ စိတ်ထားနှိမ့်ချပြီး ဆင်ဆင်ခြင်ခြင် ရှိသူ၊ အရေးကိစ္စတိုင်းကို ပြေပြစ်အောင်မြင်အောင် အပင်ပန်းခံ၊ ဒုက္ခခံနိုင်သူ၊ အသက်ထက်ဆုံး သစ္စာရှိရှိ တာဝန်ထမ်းဆောင်သွားခဲ့သူ၊ သေသည့်တိုင် မလျှော့သော ဇွဲဖြင့် ကြိုးပမ်းအားထုတ်သူ တစ်ဦးဟု လူသိများသည့် ကျိုအန်းလိုင်၏ သရုပ်မှန်၊ အဖြစ်မှန်၊ စိတ်နေသဘောထားတို့ကို ဤစာအုပ်တွင် အသေးစိတ် လေ့လာနိုင်ကြမည်ဖြစ်သည်။ အခန်း ၄ ခန်းခွဲထားပြီး အခန်းခေါင်းစဉ်များမှာ ကျိုအန်းလိုင်နှင့် နှစ်ပေါင်းများစွာ၊ ကျိုအန်းလိုင်သည် အဓိပတိမဟုတ်၊ ရုံးခန်းခြောက်ခုဖြင့် အလုပ်လုပ်ခဲ့သည့် ကျိုအန်းလိုင်၊ သူ့ဘဝတွင် ငါးကြိမ် ဒေါသပေါက်ကွဲဖူးခဲ့သည့် ကျိုအန်းလိုင်တို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|