|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ခွင့်လွှတ်ပါ တင်နော်ဟေကာ
-
-
Author(s):
ကိုကိုလေး
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 235
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 13 cm x 20 cm
|
- Description: ဒုတိယကမ္ဘာစစ်အတွင်း မြန်မာစစ်မြေပြင်တွင် စစ်ရှုံးနေသော ဂျပန်များအပေါ် မြန်မာတို့သည် မိမိတို့အား နှိပ်စက်ခဲ့သူများဟု အာဃာတမထား လက်စားချေခြင်း မပြုဘဲ စားစရာ ကျွေးမွေးခြင်းအပြင် ဆေးဝါးပါကုသပေးခဲ့ရာ စစ်ပြီး၍ ဂျပန်ပြည်သို့ ပြန်ရောက်ခဲ့ကြသည့် စစ်ပြန်ဂျပန်များသည် မြန်မာနိုင်ငံကို စွဲလမ်းတသသ ရှိခဲ့ကြသည်။ ယခုဝတ္ထုမှာ စစ်အတွင်း မြန်မာစစ်မြေပြင်ရှိ ဂျပန်စစ်သားတို့နှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ စာရေးသူသည် ဤဝတ္ထုဖြင့် စာပေဗိမာန် စာမူဆု - ဝတ္ထုရှည် ပထမဆုကို ရရှိခဲ့သည်။ ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက်ရေးသားထားရာ၌ “မြန်မာ - ဂျပန် ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသော သမိုင်းနောက်ခံ မေတ္တာဘွဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ မြန်မာလူမျိုးများ၏ ဖြူစင်သော၊ ခွင့်လွှတ်တတ်သော၊ ညှာတာထောက်ထားတတ်သော၊ မြင့်မြတ်သော နှလုံးသားကို ပေါ်လွင်အောင် ထင်ဟပ်ထားသည့် ဇာတ်လမ်း ဇာတ်အိမ်ဖြစ်သည်။ လူသားဝါဒကို အထောက်အကူပြုသဖြင့် ဦးတည်ချက်လည်း ကောင်းမွန်သည်။ အရေးအသား၊ အဖွဲ့အနွဲ့၊ အတင်အပြ၊ အပြစ်ဆိုဖွယ် မရှိအောင် သပ်ရပ်ကောင်းမွန်သည့်အပြင် ရသလည်းမြောက်သဖြင့် ပထမဆုပေးရန် သင့်တော်ကြောင်း ထောက်ခံတင်ပြပါသည်”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|