|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မဟာသီယာ (သို့မဟုတ်) မလေးရှား အောင်မြင်မှု၏ လျှို့ဝှက်ချက်
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 197
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 18 cm x 18 cm
|
- Description: လယ်ယာစိုက်ပျိုးရေးကို ခေတ်နောက်ကျစွာ အားကိုးပြီး ဆင်းရဲခဲ့သော နိုင်ငံတစ်ခုမှ ကမ္ဘာပေါ်တွင် ၁၇ နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်စက်မှု ဖွံ့ဖြိုးသော နိုင်ငံကြီးအဖြစ်သို့ ပြောင်းလဲရာတွင် အဓိကနေရာမှ တာဝန်ယူခဲ့သူ ဒေါက်တာမဟာသီယာမိုဟာမက်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ မလေးရှားကို “အာရှ၏ ပဉ္စမမြောက်ကျား”အဆင့်သို့ တွန်းပို့ခဲ့သူ၊ မည်သည့်ကိစ္စမဆို အမြင်မတော်တာရှိလျှင် ပွင့်လင်းရဲဝံ့စွာ ပြောတတ်သူ၊ ခွန်းတုံ့ပြန်စရာရှိလျှင်လည်း ပိဿလေးနှင့် ပစ်သလို ပြောတတ်သူ၊ အနောက်နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အနက်အဓိပ္ပာယ်အပေါ် နားမယောင်စေဖို့ အထပ်ထပ် အခါခါ သတိပေးခဲ့သူ၊ ၂၁ ရာစုကို အာရှရာစုနှစ်အဖြစ် အစောဆုံး ကြွေးကြော်ခဲ့သူ မဟာသီယာ၏ အကြောင်းနှင့်တကွ သူ၏ အရည်အချင်း၊ သူ၏ စဉ်းစားတွေးခေါ်ပုံများ၊ တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများကို မည်သို့ဖြေရှင်းခဲ့ပုံကိုပါ ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။ စာရေးသူသည် ဤစာအုပ်ကို ရေးသားရန်အတွက် မဟာသီယာကိုယ်တိုင်ရေး A Doctor in the House: The Memoris of Tun Dr. Mahathir Mohamad စာအုပ်၊ စာရေးဆရာ “ခူဘူးထိုက်”ရေးသည့် Paradoxes of Mahathirism: An Intellectual Biography of Mahathir Mohamad စာအုပ်၊ မဟာသီယာကိုယ်တိုင်ရေးသည့် A New Deal for Asia စာအုပ်၊ စာရေးဆရာ “ဟတ်ချ်ရှုဒင်ဆိုမွန်”ရေးသည့် Mahathir: The Secret of Malaysian Success စာအုပ်၊ “ဒါလင်နာ အစ်စမေးလ်”ရေးသည့် How to Think Like Mahathir စာအုပ်တို့ကို မှီးငြမ်းကိုးကားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|