|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဖတ်စ်ဖု မာယာ
-
-
Author(s):
နေဦးဝေ
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 160
- Binding: Paperback
- Publication Month Year: Dec-2011
- Size: 12 cm x 18 cm
|
- Description: Eric Schlosser၏ Fast Food Nationကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ အရွယ်ရောက်ပြီးသူ လူငယ်များ၏ ၃ ပုံ ၂ ပုံသည် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ကျော်နေသည့် လူဝများဖြစ်နေသည်ဟု စစ်တမ်းများက ဆိုသည်။ ထိုသို့ အဝလွန်နေရခြင်းအကြောင်းအရင်းမှာ သူတို့ စားသောက်နေသည့် အစားအစာနှင့် စားသောက်ပုံအလေ့အကျင့်ကြောင့်ဖြစ်သည်။ အမေရိကန်များ ဟင်းသီးဟင်းရွက်အဖြစ် စားကြသည့် အသီးအနှံများတွင် ပြင်သစ်အားလူးကြော်က ၄ ပုံ ၁ ပုံ နေရာယူထားသည်။ ထို့အတူ အစားများ Fast Foodတစ်မျိုးဖြစ်သည့် ဟမ်ဘာဂါတွင် ပါသော အမဲသား၊ ကြက်သားတို့ကို အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် ရရှိနိုင်ရန်အတွက် နွားများ၊ ကြက်များကို နေရာကျဉ်းကျဉ်းထဲတွင် လှောက်ထားပြီး ပြောင်းဖူးစေ့မှုန့်များနှင့် ဓာတုအားဆေးများ ဖိကျွေးကာ အထွက်တိုးအောင် လုပ်ခဲ့ကြသည်။ ရလဒ်မှာ ပြောင်းဖူးထဲမှ အဆီဓာတ်နှင့် အချိုဓာတ်များ အဆိုပါအသားများတွင် အဆမတန် ပါဝင်ခြင်းပင်ဖြစ်သည်။ ယခုစာအုပ်တွင် အထက်ပါဖြစ်စဉ်ကဲ့သို့ Fast Foodလုပ်ငန်း၏ နောက်ကွယ်မှ ကျန်းမာရေးကို ထိခိုက်နိုင်စေသည့် ဖြစ်စဉ်များကို ဖော်ထုတ်ရေးသားထားသည်။ ထို့ပြင် အမေရိကန်က အာလူးတောင်သူများအကြောင်း၊ နွားမွေးမြူရေးလုပ်ငန်းများအကြောင်း၊ အာလူးကြော်လုပ်ငန်းများအကြောင်း၊ Fast Foodကုမ္ပဏီများ၏ ဈေးကွက်မဟာဗျူဟာများအကြောင်း၊ အမေရိကန်နိုင်ငံသားများ၏ လူမှုဘဝဟန်ပန်များကိုပါ တစေ့တစောင်း သိရှိနိုင်အောင် ရေးသားဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|