|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ယေ ဓမ္မာ ဟေတုပ္ပဘဝါ
-
-
Author(s):
ဂေါယာမြေ စောဝင်း
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 84
- Binding: Paperback
- Publication Month Year: Jan-2012
- Size: 12 cm x 19 cm
|
- Description: ဗုဒ္ဓမြတ်စွာသည် မိမိကိုယ်တိုင် ခန္ဓာငါးပါး၌ စူးစမ်းအားထုတ်ရာမှ အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်လာခဲ့သည်။ အရိယသစ္စာလေးပါးကို သိဖို့ရန်မှာ သာမန်လူသားများအဖို့ ခက်ခဲနက်နဲလှရာ ထိုသစ္စာလေးပါးကို တစ်ခုစီ၊ တစ်ကဏ္ဍစီ အသေးစိတ် သိနိုင်ဖို့ထက် သစ္စာလေးပါးတစ်ခုလုံးကို ခြုံငုံသိနိုင်သော တစ်နည်းအားဖြင့် ခြုံငုံမိသော ဂါထာတစ်ပုဒ်ဖြစ်သည့် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ”အစချီဂါထာအကြောင်းကို ဤစာအုပ်တွင် အသေးစိတ် ရှင်းလင်းရေးသားထားသည်။ အရှင်အဿဇိက ဥပတိဿ (ွှရှင်သာရိပုတ္တရာ)အား ရွတ်ဆိုပြသည့် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာကတော အာဟ တေသဉ္စ ယောနိရောဓော ဧဝံဝါဒီ မဟာသမဏေ”ဟူသော ဂါထာသည် တိုပင်တိုသော်ငြားလည်း သစ္စာလေးပါးကို ခြုံငုံမိအောင် အဆီအနှစ်ထုတ်ယူထားသည့် ဂါထာဖြစ်ပုံ၊ ထိုဂါထာရှိပါက အမှောင့်ပယောဂပင် မစွဲကပ်နိုင်ဟု ယုံကြည်ကြပြီး ရှေးယခင်က အဆောင်လက်ဖွဲ့ပမာ လက်ကိုင်ဆောင်ပြုထားခဲ့ကြပုံ၊ ဂါထာတော်သည် လောကီလောကုတ္တရာတို့အတွက် စီးပွားဥစ္စာချမ်းသာသုခကို ရနိုင်စွမ်းနှင့် နိဗ္ဗာန်တည်းဟူသော ယေ ဓမ္မာ ဟေတုပ္ပဘဝါ”ဟု ရွတ်ဆိုမိရုံမျှနှင့် အကျိုးထူးကို ခံစားရရှိနိုင်ပုံ၊ ယေဓမ္မာ ရေးထိုးမှုဓလေ့ကို ထေရဝါဒနှင့် မဟာယနဂိုဏ်းတို့ ခေတ်အဆက်ဆက် ရေးထိုးခဲ့ကြပုံသမိုင်းကြောင်း၊ သစ္စာလေးပါး၏ အဓိပ္ပာယ်အကျဉ်းတို့ကို ဤစာအုပ်တွင် ပြည့်ပြည့်စုံစုံ ရှင်းလင်းရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|