|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာပေလက်ရာ လေးပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် သူ့အကြောင်းကို သူပြန်ရေးရာ၌ ၂ ကြိမ်မှာ မြန်မာလို ရေးခဲ့ခြင်းဖြစ်ပြီး ကျန် ၂ ကြိမ်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့ခြင်းဖြစ်သည်။ ပထမဆုံး စာမူ၌ သူ့ဘဝကို မွေးဖွားသည်မှစ၍ တက္ကသိုလ်ကျောင်းသားအထိ ပါရှိသည်။ ဒုတိယစာမူမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး ထိုစာမူကို ဗိုလ်မှူးကြီးဘို၏ မြန်မာပြန်ဆိုပြီး ဒီးဒုတ်ဦးဘချိုက တည်းဖြတ်ထားချက်အား ယခုစာအုပ်တွင် ထည့်သွင်းဖော်ပြပေးထားသည်။ တတိယစာမူမှာ ဂျပန်ခေတ် လွတ်လပ်ရေးရသည်အထိ သူ၏ ဘဝဖြစ်စဉ်ကို ရေးသားထားခြင်း ဖြစ်သည်။ စတုတ္ထစာမူမှာ ဗိုလ်ချုပ်ကိုယ်တိုင်ရေးခဲ့သည့် Burma's Challengeစာအုပ်ပါ Life-sketch of the author အခန်းဖြစ်သည်။ ၎င်းကို မူရင်းအင်္ဂလိပ်ဘာသာနှင့်အပြင် မြစိန်၏ ဘာသာပြန်ဆိုချက်ကိုပါ တွဲဖက်၍ ယခုစာအုပ်တွင် ဖော်ပြထားသည်။ စာအုပ်ပါ ဗိုလ်ချုပ် စာပေလက်ရာ လေးပုဒ်ကို ဖတ်ရှုခြင်းဖြင့် ဗိုလ်ချုပ် မွေးသည်မှစ၍ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလအထိ ဘဝဖြစ်စဉ်ကို အတော်အတန် သိရှိသွားမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်သည့်အတွက် အကြောင်းအရာ ခိုင်လုံ၊ တိကျမှု ရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|