|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အမေရိကန် သမ္မတဟောင်း John F. Kennedy၏ Profiles in Conrageကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အကြောင်းအရာမှာ ရှေးအခါက “ဆီနိတ်”ခေါ် အထက်လွှတ်တော်၌ မည့်သည့် ပြစ်တင်ဝေဖန်မှုမျိုးကိုမှ မကြောက်ဘဲ နိုင်ငံနှင့် လူမျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်ခဲ့သော ဆိနိတ်တာကြီး ၈ ဦးအကြောင်းကို ဂုဏ်ပြုရေးသားထားခြင်းဖြစ်သည်။ သူတို့သည် ဒီမိုကရေစီစနစ်ကို တကယ်ယုံကြည်သူများဖြစ်သလို ဆိနိတ်လွှတ်တော်သည် ရုပ်သေးရုပ်များဖြင့် ပြည့်သည့် နေရာမဟုတ်ဟု သာဓက တင်ခဲ့သူများဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့ တာဝန်ကို မိမိတို့ သစ္စာရှိရှိဖြင့် ဆောင်ရွက်ခဲ့သူများဖြစ်သည်။ သူတို့သည် လက်ညှိုးထောင်၊ ခေါင်းညိတ် အမတ်များမဟုတ်ကြဘဲ အတိုက်အခံပါတီဘက်မှ ရပ်တည်ကာ ပြည်သူ့ဆန္ဒနှင့် ပြည်သူ့သဘောထားများကို လွှတ်တော်အတွင်း တင်ပြခြင်း၊ ပြည်သူ့အကျိုး ဒီမိုကရေစီအကျိုးနှင့် ဆန့်ကျင်သည့် အမိန့်အာဏာများကို ဖီဆန်ခြင်း၊ လွှတ်တော်အတွင်း ရဲဝံ့ပြောင်မြောက်စွာ တိုက်ပွဲဆင်နိုင်ခဲ့ခြင်းကြောင့် ထင်ရှားခဲ့သူများဖြစ်သည်။ ထိုသို့ ဒီမိုကရေစီနိုင်ငံတစ်ခုမှ စံပြလွှတ်တော်အမတ် ၈ ဦးအကြောင်းနှင့် သူတို့၏ လုပ်ရပ်များကို ယခုစာအုပ်တွင် စံနမူနာယူဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ အကြောင်းအရာနှင့် တင်ပြပုံကောင်းမွန်မှုကြောင့် မူရင်းစာရေးသူသည် ၁၉၅၇ ခုနှစ်အတွက် အတ္ထုပ္ပတ္တိဆိုင်ရာ ပူလစ်ဇာစာပေဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|