|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အင်နစ်ဂမာ
-
-
Author(s):
မောင်မိုးသူ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 323
- Binding: Paperback
- Publication Month Year: Sep-2020
- Size: 15 cm x 21 cm
|
- Description: Michael Barak ရေးသားသည့် ENIGMA စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ယခုစာအုပ်၏ မူ
ရင်းရေးသားသူ "မိုက်ကယ် ဘားရက်" သည် ဘူဂေးရီးယားပြည်မှာ မွေးဖွားပြီး ဒုတိယကမ္ဘာစစ် ဂျာမန်
ဖက်ဆစ် များ၏ ဂျူးလူမျိုး ဖိနှိပ်ညှဉ်းပန်းရေး အခြေအနေဆိုးကြီးဒဏ်မှ အသက်ရှင် လွတ်မြောက် ကျန်
ရစ်ခဲ့သူတစ်ဦးဖြစ်ပါသည်။ အစ္စရေးပြည်မှာ ကြီးပြင်း၍ လူငယ်ဘဝမှာပင် ကမ္ဘာအနှံ့ ခရီးဆန့်ခဲ့သူ တစ်
ဦးလည်း ဖြစ်သည်။ အာရပ်-အစ္စရေး ၆ ရက် စစ်ပွဲကာလမှာ ဗိုလ်ချုပ် မိုရှီဒါယမ် ၏ သတင်းဖြန့်ချိရေး
အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ယွန်ကစ်ပူး စစ်ပွဲကာလတွင် အစ္စရေး လေထီးတပ်သားအဖြစ်
စူးအက်စ်တူးမြေင်းကို ကျော်ဖြတ်၍ အီဂျစ်နိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာ၌လည်း ကိုယ်တိုင်ပါဝင်
ခဲ့သူ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နာဇီတို့သည် ထိပ်တန်းလျှို့ဝှက်အသံလွှင့်၊ အသံဖမ်း
စကားဝှက်နှင့် ဆက်သွယ်သည့် စက်တစ်လုံးကို တီထွင်အသုံးပြုခဲ့ရာ ၄င်းစက် အမည်မှာ Enigma ဖြစ်
ပါသည်။ ‘စကားထာ စကားဝှက် ပဟေဠိ’ ဟု အဓိပ္ပာယ်ရသည်။ ၄င်းစက်သည် ဒုတိယကမ္ဘာစစ်ကြီး၏
အရှုံး အနိုင်ကိစ္စကြီးတစ်ခုလုံးကို ဆုံးဖြတ်ပေးခဲ့သည်ဟု ပြော၍မရနိုင်သည့်တိုင် စစ်ထောက်လှန်းရေး
လောက နှစ်ဖက်စလုံး အတွက် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုဝတ္ထုမှာသည် မိုက်
ကယ်ဘားရက်က ၎င်း Enigma စက်ကို အကြောင်းပြု၍ ဇာတ်အိမ် ဖွဲ့ထားခြင်း ဖြစ်သည်။ Enigma ကိုခိုး
မည့် သူခိုးအကျော်အမော်နှင့် ထိက်မြက် ထူးချွန်လှသော ဂျာမန်စပိုင် တို့အကြား ဉာဏ်ချင်းရော၊ အသ
က်ချင်းပါ ပြိုင်၍ သူနိုင်ကိုယ်နိုင် လှုပ်ရှား ဉာဏ်ကစားကြသည့် ဇာတ်လမ်းဖြစ်သည်။စာရေးသူ မိုက်က
ယ်ဘားရက်သည် ကိုယ်တွေ့ စစ်ပွဲများနှင့် သူ၏ (စပိုင်)ထောက်လှန်ရေးလောက အတွေ့အကြုံများပေါ်
အခြေခံကာ ဖန်တီးရေးသားထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|