|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: တိုင်းပြည်နှင့် ပြည်သူကို အလွန်ချစ်လှသော စာဆိုတော်ကြီး၊ သတင်းစာဆရာကြီး၊ စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေးအတွက် စိုးရိမ်သောက ဖြစ်နေသော အခြားမျိုးချစ်ပုဂ္ဂိုလ်များနှင့် လက်တွဲလျက် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် သူ၏ ဘဝတစ်သက်တာလုံး ကြိုးပမ်းဆောင်ရွက်သွားခဲ့သည်။ အိုကြီးအိုမနှင့် တစ်နိုင်ငံလုံး လှည့်လည်၍ မမောနိုင် မပန်းနိုင် ငြိမ်းချမ်းရေးတရားများဟောခဲ့သည်။ “ဆရာ မသေခင် တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးအစစ်ကို တွေ့မြင်သွားချင်တယ်”ဟုလည်း မသေခင် တဖွဖွ ပြောကြားခဲ့သည်။ သို့သော်လည်း ဆရာကြီးသည် သူ၏ ဆန္ဒ မပြည့်ဝခင် ကွယ်လွန်သွားခဲ့သည်။ ယခုစာအုပ်သည် ဆရာကြီး၏ ဘဝတစ်လျှောက် လုပ်ဆောင် ကြိုးပမ်းခဲ့သည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး မိန့်ခွန်းများ၊ နှစ်ဖက် ကြားဝင် ညှိနှိုင်းပေးခဲ့မှုများ၊ ကြိုးပမ်းခဲ့မှုများကို ထိုခေတ်ထိုအချိန်အခါက ထုတ်ဝေသည့် သတင်းစာများနှင့် စာအုပ်စာတမ်းများကို အမှီပြုကာ ပြုစုရေးသား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|