|
|
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အမေရိကန် သမ္မတ Barack Obamaရေးသားသည့် Of Thee I Sing (A Letter to My Daughters)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သမ္မတ အိုဘားမားက သူ့သမီးငယ်တွေဆီ နူးညံ့လှပသည့် ပေးစာတစ်စောင် ပုံစံအဖြစ် ရေးသားထားသော ဤစာအုပ်တွင် ပန်းချီဆရာမ ဂျော်ဂျီယာ အိုကီးဖ်၏ အနုပညာလက်ရာများမှသည် ဘေ့စ်ဘော ကစားသမား ဂျက်ကီ ရော်ဘင်ဆင်၏ ရဲစွမ်းသတ္တိအထိ၊ စာရေးဆရာမကြီး ဟယ်လင်ကဲလား၏ ခွန်းအားစွမ်းအားကနေ သမ္မတ ဂျော့ချ်ဝါရှင်တန်၏ မျိုးချစ်စိတ်အထိ စိတ်အားတက်စရာ အကြောင်းအရာများ ပါဝင်သည့် အမေရိကန်နိုင်ငံ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၃ ဦးအကြောင်းနှင့် သူတို့၏ စံနမူနာပြ လုပ်ရပ်များကို သရုပ်ဖော်ပန်းချီဆရာ လိုရဲန်လောင်း၏ ရင်သပ်ရှုမောဖွယ် လက်ရာများနှင့်အတူ စိတ်အားတက်ဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ အိုဘားမားက သူ့ရင်သွေးများသာမက အမေရိကန်တစ်ပြည်လုံးရှိ ကလေးသူငယ်အားလုံးအတွက်ပါ ရည်ညွှန်းရေးဖွဲ့ထားခြင်းဖြစ်ပြီး သူအရေးအသားများတွင် အမေရိကန် ပုဂ္ဂိုလ်ကျော်များ၏ စွမ်းဆောင်အောင်မြင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးများကို ပေါ်လွင်အောင် ဖော်ကျူးနိုင်သလို ကလေးဘဝ၏ အပြစ်ကင်းစင်မှုနှင့် အလားအလာရှိမှုများကိုပါ စာအုပ်ပါအကြောင်းအရာများက ထက်သန်နိုးကြွလာအောင် ဖမ်းစားနိုင်စွမ်း ရှိသည်ကို တွေ့ရသည်။ ကိုယ့်အိပ်မက်ကို အမိဖမ်းဖို့နှင့် ကိုယ့်ဘဝလမ်းကြောင်းကို ခိုင်မာအောင် ကြိုးပမ်းဖို့ လူတိုင်းမှာ အလားအလာကိုယ်စီရှိသည့်အကြောင်း ကလေးလူငယ်ရှုထောင့်မှ တင်ပြထားသည့် စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်ကောင်းတစ်အုပ်ပင်ဖြစ်သည်။ စာအုပ်ပါ ပုဂ္ဂိုလ် ၁၃ ဦးမှာ ဂျော်ဂျီယာအိုကီးဖ်၊ အိုင်းစတိုင်း၊ ဂျက်ကီ ရော်ဘီဆင်၊ ဆစ်တင်း ဘူးလ်၊ ဘီလီ ဟောလီးဒေး၊ ဟယ်လင်ကဲလား၊ မာယာလင်း၊ ဂျိန်း အက်ဒမ်စ်၊ ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာ၊ နေးလ် အမ်းစ်ထရောင်း၊ စီဆာ ချားဗက်ဇ်၊ လင်ကွန်း၊ ဂျော့ချ် ဝါရှင်တန်တို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|