|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ချဉ်ပေါင်ရွက်သည် မောင်မှိုင်း
-
-
Author(s):
ဝန်စာရေးဦးကြီး
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 564
- Binding: Paperback
- Publication Month Year: Nov-2025
- Size: 13 cm x 19 cm
|
- Description: ဂျိမ်းစ်လှကျော်၏ “မောင်ရင်မောင် မမယ်မ” အမှီးဝတ္ထုအပြီးတွင် ပထမဆုံး စကားပြေသုံး ကာလပေါ် မြန်မာဝတ္ထု စစ်စစ်အဖြစ် ထွက်ပေါ်လာသော ဝတ္ထုစာအုပ်ဖြစ်သည်။ ဇာတကဝတ္ထုမှတစ်ပါး ကာမဂုဏ်နှင့် စပ်လျဉ်းသော လောကီဇာတ်လမ်းဇာတ်ကွက်ကို နှစ်သက်ဖတ်ရှုလိုသော ထိုခေတ် ထိုအခါ စာဖတ်ပရိသတ်များသည် “မောင်ရင်မောင် မမယ်မ”ဝတ္ထုပေါ်ပေါက်လာပြီးနောက် ၎င်းကဲ့သို့ အခြားစာအုပ်ကို တောင့်တလျက်ရှိရာ ၎င်းကို ဖြည့်စွက်သောအားဖြင့် ဟံသာဝတီတိုက်မှ ဝန်စာရေးဦးကြီးက ရေးသားခဲ့ခြင်းဖြစ်သည်။ သူတစ်ပါး သားပျို သမီးပျိုများအား လိမ်လည်လှည့်ဖြားကာ ဖျက်ဆီးလေ့ရှိသော သူယုတ်မာ ကြာသမားတစ်ယောက်ဖြစ်သူ “မောင်မှိုင်း”ကို ဇာတ်ကောင်ပြု၍ ရေးဖွဲ့ထားခြင်းဖြစ်သည်။ လောကီထုပ္ပတ် လူတို့ဇာတ်၏ ရှုပ်ထွေးပွေလီမှုနှင့် သတိပြု ဆင်ခြင်ရှောင်ရှားဖို့ ပမာဏပြုမှုပေတံ, မှတ်ကျောက်မျိုးဖြင့်သာ တိုင်းတာလိုက်မည်ဆိုပါက မြန်မာအမျိုးသမီးကောင်း သမီးပျိုများအတွက် မနည်းမနောသော အကျိုးရလဒ်မျိုးကို တွေ့ရပါလိမ့်မည်ဟု ထုတ်ဝေသူကလည်း ညွှန်းဆိုထားသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တစ်ချိန်က မစ္စတာမောင်မှိုင်းဟူသော ကလောင်မည်ကို ခံယူခဲ့ရာ ထိုသို့ခံယူခဲ့ခြင်းမှာ ထိုအချိန်က ခေတ်စားနေသော မစ္စတာဘွဲ့ခံ ဘိုစိတ်ပေါက်မြန်မာကို သရော်သောအားဖြင့် မစ္စတာနှင့် ဤဝတ္ထုပါ ဗီလိန်ဇာတ်ကောင် မောင်မှိုင်းကိုတွဲကာ “မစ္စတာမောင်မှိုင်း”ဟု ကလောင်အမည် မှည့်ယူခဲ့ခြင်းဖြစ်သည်။
|
|
|
|
|
|
|
|
|