|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပုံပြ ကောသလအိပ်မက် (၁၆) ချက်
-
-
Author(s):
ပန်းချီရန်နိုင်ထွန်း
- Type: Myanmar Books
-
Category:
ရုပ်ပြ / ကာတွန်း
- No of Pages: 44
- Binding: Paperback
- Publication Month Year: Jan-2013
- Size: 22 cm x 30 cm
|
- Description: ဘုရားရှင်နှင့် ပုဂ္ဂိုလ်ရေးမှာ ရင်းနှီးကျွမ်းဝင်သလောက် ဓမ္မရေးတွင် အစိမ်းသက်သက် ဖြစ်လှသော၊ အစားအသောက်နဲ့ ကိလေသာရမက် ထူပြောသလောက် သမာဓိနှင့် အသိဉာဏ်ပညာ ခေါင်းပါးလွန်းလှသော ကောသမင်းကိုယ်တိုင် မြင်မက်တော်မူသည့် ကောသလအိပ်မက် (၁၆) ချက်အကြောင်းကို ပန်းချီရန်နိုင်ထွန်း၏ လက်ရာပြောင်မြောက်လှသော ရောင်စုံပန်းချီလက်ရာများနှင့်အတူ ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ “နောင်အနာဂတ်မှာ အသက်ဝင်လာမည့် ဖြစ်ရပ်ဆန်းတွေ” ဟု ဘုရားရှင်က မိန့်ကြားခြင်း ခံရသည့် ဤအိပ်မက် ၁၆ ချက်၏ ထူးခြားချက်မှာ အနာဂတ်ရဲ့ အမှားအယွင်းများကို ယခုချိန်ကတည်းက ကြိုတင်သိမြင်ခွင့် ရစေမည့် အခွင့်အရေးရရှိနိုင်ခြင်းပင် ဖြစ်သည်။ သမ္ပတ္တိခေတ်ကောင်းကာလမှ ဝိပတ္တိခေတ်ဆိုးကာလသို့ လျှောကျဆုတ်ယုတ်တတ်ပုံကို လည်းကောင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မကောင်းမှုတရားများ အားကြီးပါက မေတ္တာ၊ ကရုဏာ၊ မုဒိတာစသော ကောင်းမှုကုသိုလ်တရားများ ရွေ့လျားဆုတ်ယုတ်တတ်ပုံကို လည်းကောင်း၊ ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်တရားများ တိုးတက်ပွားများ သံဝေဉာဏ်လက်ကိုင်ထားတတ်ကြစေရန် လည်းကောင်း ရည်ညွှန်းသည့် ကောသလမင်း၏ အိပ်မက် ၁၆ ချက်ကို ဖတ်ရှုခြင်းဖြင့် သင်ခန်းစာများ ရယူနိုင်မည့် စာအုပ်ကောင်းလည်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|