|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- နတ်ချစ်ဆေး သုတ္တန်များနှင့် အံ့ဖွယ်ဘုရားကြီး
-
-
Author(s):
ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 209
- Binding: Paperback
- Publication Month Year: Jul-2012
- Size: 14 cm x 21 cm
|
- Description: စာရေးသူ ဆရာတော်ပါဝင်သော အင်ဒိုနီးရှားဘုရားဖူးအဖွဲ့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သော ဗောရောဗုဓောစေတီကြီးသို့ သွားရောက်ဖူးမြော်ခဲ့ရာ ခရီးစဉ်အတွင်း မဟာသမယသုတ်ကို နေ့စဉ်ရက်ဆက် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယခုစာအုပ်သည် ထိုခရီးစဉ်ကို အကြောင်းပြု၍ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။ နတ်ချစ်ဆေးဟူ၍ အမည်ရသော မဟာသမယသုတ္တန်အကြောင်း၊ နတ်တို့သည် အဘယ်ကြောင့် ဤသုတ်တော်ကို နာယူလိုကြပုံ၊ ဤသုတ်ကို ရွတ်ဖတ်ပါက ရွတ်ဖတ်သူကို နတ်တို့ အဘယ်ကြောင့် စောင့်ရှောက်ကြပုံ၊ မဟာသမယသုတ်ကို စနစ်တကျ ရွတ်ဖတ်သရဇ္ဈာယ်နည်း၊ မဟာသမယသုတ်စစ်တမ်း၊ နတ်ချစ်သုတ္တန်များ၏ မြန်မာပြန်နှင့် သိမှတ်ဖွယ်များ အစရှိသည်တို့ကို ဤစာအုပ်တွင် အသေးစိတ် လေ့လာကြရမည်ဖြစ်သည်။ မဟာသမယသုတ်ကို ရွတ်ဖတ်သူများ သုတ်၏ ဆိုလိုရင်းအဓိပ္ပာယ်နားလည်ပြီး သဒ္ဓါတရားများ ဖြစ်ပေါ်လာအောင်လည်းကောင်း၊ မရွတ်ဖတ်ရသေးသူများ ရွတ်ဖတ်လိုစိတ် ဖြစ်ပေါ်လာအောင်လည်းကောင်း ဤစာအုပ်က နိုးဆော်ပေးမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|