|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ပအိုဝ်းအမျိုးသားများ၏ ဒုတိယတော်လှန်ရေးမှတ်တမ်း (The Second ReVolution of PaO Nationality)
-
-
Author(s):
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 272
- Binding: Paperback
- Publication Month Year: Feb-2011
- Size: 18 cm x 25 cm
|
- Description: မြန်မာနိုင်ငံအား ကျူးကျော်ဝင်ရောက်လာခဲ့ကြသော နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရာတွင်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်းကောင်း၊ ရှမ်းပဒေသရာဇ်များကို တိုက်ခိုက်ချေမှုန်းရာတွင်လည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် တတပ်တအား ပါဝင်ခဲ့ကြသည်။ ၁၉၃၉ ခုနှစ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပအလဖ) သည် လက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြရသည်။ သို့သော် ဗကပ အပါအဝင် တောတွင်းလက်နက်ကိုင် လှုပ်ရှားနေသော အဖွဲ့အစည်းများသည် ပအိုဝ်းနယ်မြေကို ခြိမ်းခြောက်လာသဖြင့် ပအိုဝ်းတိုင်းရင်းသားများသည် သူတို့၏ ဘဝရပ်တည်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဒုတိယအကြိမ် လက်နက်ကိုင်စွဲ၍ တော်လှန်ခဲ့ကြသည်။ ယခုစာအုပ်သည် လွတ်လပ်ရေးရပြီးနောက် ပအိုဝ်းတိုင်းရင်းသားများ လက်နက်ကိုင် တော်လှန်မှုသမိုင်းကြောင်း၊ ရလလဖ အဖွဲ့အစည်းအကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့အစည်း ပေါ်ပေါက်လာပုံနှင့် နိုင်ငံရေးလှုပ်ရှားမှု၊ နဝတလက်ထက်တွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပုံ အပါအဝင် ပအိုဝ်းအမျိုးသားတို့၏ ဒုတိယတော်လှန်ရေးအကြောင်းကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|