|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား
-
-
Author(s):
ဝီရသူ (မစိုးရိမ်)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 175
- Binding: Paperback
- Publication Month Year: 2011
- Size: 13 cm x 20 cm
|
- Description: ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်း၊ မြန်မာတို့၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းသည် ရတနာဂီရိသို့ ရောက်ချိန်၌ အင်္ဂလိပ်တို့၏ အချုပ်အချယ်ကို ခံရရုံသာမက အခြွေအရံများ၏ မထီမဲ့မြင်ပြုမှုများကို ခံခဲ့ရပုံ၊ စားဝတ်နေရေးမဖူလုံသဖြင့် နောက်ဆုံးတွင် ကြွေးတင်ကာ အရှက်တကွဲဖြစ်ခဲ့ရပုံများ၊ သီပေါဘုရင်သာမက စုဖုရားလတ်အပါအဝင် ဆွေတော်မျိုးတော်များပါ လူတန်းစေ့ မနေခဲ့ရပုံ၊ အင်္ဂလိပ်တို့၏ သွေးခွဲမှုကြောင့် သမီးတော်များ လူမျိုးခြားများနှင့် အိမ်ထောင်ကျခဲ့ရပုံ၊ ထိုစိတ်ဖြင့် သီပေါမင်းသည် စိတ်ဆင်းရဲခြင်း ကြီးစွာဖြင့် ကွယ်လွန်ခဲ့ရာ အင်္ဂလိပ်တို့သည် သီပေါမင်း၏ ရုပ်ကလာလ်ကို ရန်ကုန်သယ်ခွင့်မပြုခြင်းအားဖြင့် စုဖုရားလတ်ကို စိတ်ဓာတ်ရေးရာအရ ထိုးနှက်တိုက်ခိုက်ခဲ့ပုံ၊ ရန်ကုန်ရောက် စုဖုရားလတ်သည် အင်္ဂလိပ်တို့၏ ထားရာနေ စေရာသွားဘဝသို့ ရောက်ရှိခဲ့ပုံ၊ သီပေါမင်းနှင့် စုဖုရားလတ်တို့နည်းတူစွာ တစ်ချိန်က စစ်ထောက်လှမ်းရေးတပ်ဖွဲ့သည် လက်ညိုးညွှန်ရာ ရေဖြစ်ခဲ့သော်လည်း သူတို့ကိုယ်တိုင် ထောင်တွင်းသို့ ရောက်သောအခါ မယုံနိုင်ဖွယ် စိတ်ဓာတ်ပျက်ပြားကာ စာရေးသူ၏ မျက်မြင်ကိုယ်တွေ့၌ ဝဋ်လည်ခဲ့ပုံများကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူဆရာတော်က “ ... ဘုန်းဘုန်းတို့က ထောင်ကိုမကြောက်ဘူး၊ အကုသိုလ်ကိုပဲကြောက်တာ။ ... ဘုန်းဘုန်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ ပုဂ္ဂလိကဆိုင်ရာ ပုဂ္ဂိုလ်ရေးသက်သက်နဲ့တော့ ဘယ်တော့မှ အကုသိုလ် မလုပ်ဘူး၊ အထူးသဖြင့် ဝဋ်ပြန်ခံရမယ့် အကုသိုလ်မျိုးဆို ပိုပြီး ရှောင်တယ်။ .... ဘာပဲဖြစ်ဖြစ်လေ အကျဉ်းစံ အရှုံးသမားရဲ့ အညှင်းခံ နှလုံးသားတွေကတော့ အပြင်းအထန် အမုန်းပွားစရာ ဖြစ်နေတော့တာပေါ့။ ”ဟု နိဂုံးချုပ်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|