|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဟောနည်း ပြောနည်း (Public Specking)
-
-
Author(s):
လှသမိန်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 168
- Binding: Paperback
- Publication Month Year: Nov-2016
- Size: 13 cm x 19 cm
|
- Description: “လူတိုင်းတတ်၍ မတတ်သောပညာကို ပြောပါ”ဟုဆိုလျှင် စကားပြော အတတ်ပညာကို ထောက်ပြရမည်ဟု စာရေးသူကဆိုသည်။ လူတိုင်းသည် စကားပြောနေကြသော်လည်း စကားအရာဖြင့် အောင်မြင်မှု ရယူနိုင်လောက်အောင် စကားပြော အတတ်ပညာတွင် ပြောင်မြောက်မှုကိုကား လူတိုင်း အလွယ်တကူ မတတ်မြောက်နိုင်ကြပေ။ ယနေ့ခေတ်အခါသည် လူများသည် ဟောမှု ပြောမှုတို့နှင့် ပို၍ ဆက်သွယ်လာကြရရာ စကားပြောခြင်း၏ အရေးပါပုံကိုလည်းကောင်း၊ စကားပြောဟောရခြင်း၏ ခက်ခဲနက်နဲမှုကိုလည်းကောင်း သိမြင်လာကြရာ ကမ္ဘာ့နိုင်ငံကြီးအချို့တွင် စကားပြောသင်တန်းကျောင်းများ တည်ထောင်ခဲ့ကြသည်အထိ တွင်ကျယ်လာခဲ့သည်။ ယခုစာအုပ်တွင် ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စည်းဝေးပွဲများ၊ စကားရည်လူပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ထောက်ခံပွဲများတွင် လက်တွေ့အသုံးချနိုင်သည့် စကားပြော ဟောနည်း ပြောနည်းဆိုင်ရာ သေနင်္ဂဗျူဟာများကို အခန်း ၇ ခန်းခွဲကာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြရမည် ဖြစ်သည်။ အခန်းခေါင်းစဉ်များမှာ စကားပြောခြင်း၏ တန်ဖိုး၊ စကားပြော အခါအခွင့် အမျိုးမျိုး၊ စကားပြောနည်းများ၊ စကားပြောသူ၏ ကျင့်ဝတ်များ၊ စကားပြော လေ့ကျင့်နည်းများ၊ စကားပြောရန် ပြင်ဆင်မှုများ၊ စကားနှင့်ဆိုင်ရာ မှတ်ဖွယ်များဟူ၍ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|