|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ တတိယအကြိမ်မြောက်နှင့် စတုတ္ထအကြိမ်မြောက် အကျဉ်းကျအတွေ့အကြုံ မှတ်တမ်းစာအုပ်ဖြစ်သည်။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အရှိန်မြှင့်ချိန်တွင် တစ်ကြိမ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် တစ်ကြိမ် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရပြီး အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ မြစ်ကြီးနားထောင်များသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ယခုစာအုပ်တွင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သူမည်သို့ မည်ပုံ ပါဝင်ခဲ့ပုံ၊ သူနှင့် အတူလက်တွဲခဲ့သူများ၊ တရားရုံတွင် တရားသူကြီးက email လိပ်စာ မေး၍ သူက သူ၏ gmail လိပ်စာပြန်ဖြေရာတွင် တရားသူကြီးက ဘာဖြစ်လို့ email လိပ်စာမပေးဘဲ gmail လိပ်စာ ပေးရတာလဲဟု ပြန်မေးပုံ အပါအဝင် စစ်ကြောရေးစခန်း, တရားရုံးတို့၌ ဖြစ်ခဲ့သည့် ဘုကျကျ ဟာသဖြစ်ရပ်များ၊ အင်းစိန်အကျဉ်းထောင်အတွင်း စစ်ခွေးတိုက်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပုံ၊ တဖန်လွတ်လာပြီးနောက် သူပြက်လုံးထုတ်ခဲ့သည့် သဃံ စရဏံ ဂန်းစာမိ၊ ထောင်တွင်းတွင် တွေ့ဆုံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများအကြောင်းနှင့် သူတို့၏ စိတ်ဝင်စားဖွယ် အမှုတွဲများ၊ သူထောင်ထဲရှိနေစဉ် ကြုံတွေ့ခဲ့ရသည့် ထောင်ဖောက်ပြေးမှုကြီး၊ လွတ်ငြိမ်းချမ်းသာခွင့် ကောလဟာလကို အကြိမ်ကြိမ်ကြားခဲ့ရသော်လည်း လွဲချော်ခဲ့ပုံ၊ နောက်ဆုံးတွင် သူနှင့် အခြားသူအနည်းငယ်သာ ကွက်၍ လွတ်မြောက်လာပုံ၊ ထောင်တွင်းတွင် သူရေးသားခဲ့သည့် စာများ (မူရင်းလက်ရေးနှင့်တကွ) အစရှိသည်တို့ကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|