|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်ကာလအတွင်းက ချက်လူမျိုး သတင်းစာအယ်ဒီတာတစ်ဦးလည်းဖြစ်၊ ပြဇာတ်နှင့် ဂီတပညာရှင်တစ်ဦးလည်းဖြစ်၊ တော်လှန်ရေးသမား ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ Julius Fucik ကို ဘာလင်မြို့ရှိ နာဇီစစ်ခုံရုံးက ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၌ ဂျာမန်အင်ပါယာကြီးကို ပြိုကွဲအောင် ကြံစည်အားထုတ်မှု၊ လက်နက်ကိုင်တော်လှန်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ ပုံမှန်အားဖြင့် သေဒဏ်ကျခံရသည့် အကျဉ်းသားကို ရက် ၁ဝဝ အချိန်ပေးတတ်ကြသော်လည်း ဖူးချစ်ကိုမူ သေဒဏ်ချမှတ်ပြီး ၄ ရက်မြောက်နေ့၌ ကွပ်မျက်ခဲ့ကြသည်။ သူသည် မကွယ်လွန်ခင် ထောင်တွင်း၌ရှိစဉ် ကာလအတွင်း သူစတင် ဖမ်းဆီးခြင်းခံခဲ့ရချိန်မှ ကွပ်မျက်ခံရခါနီး ရက်ပိုင်းအလိုအထိ မည်သို့စစ်ဆေးမေးမြန်း နှိပ်စက်ခံခဲ့ရပုံများ၊ ထောင်၏ အနိဋ္ဌာရုံများ၊ တရားရုံးတွင် ဥပဒေစိုးမိုးမှုမရှိဘဲ စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရပုံများ၊ ထောင်တွင်းတွင် သူသိကျွမ်းခဲ့ရသည့် တော်လှန်ရေးရဲဘော်များ၊ သူလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးလုပ်ငန်းစဉ်များအကြောင်းကို စာဖြင့် လျှို့ဝှက်ရေးသားမှတ်တမ်းတင်ကာ ထောင်ဝါဒါတစ်ဦး၏ အကူအညီဖြင့် သိမ်းဆည်းခဲ့သည်။ သူကွပ်မျက်ခြင်း ခံရပြီးနောက် နာဇီများ စစ်ရှုံးချိန်ရောက်သောအခါ သူ၏ မှတ်တမ်းများကို သူ၏ ဇနီးဖြစ်သူက လိုက်လံစုဆောင်းပြီးနောက် Report From The Gallows စာအုပ်အဖြစ် ထုတ်ဝေခဲ့ရာ ကမ္ဘာကျော်ခဲ့သည်။ ယခုစာအုပ်သည် ၎င်းစာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူရဲကောင်းတစ်ဦး၏ မြဲမြံသော ဂတိ၊ ဦးလည်မသုန်သော တိုက်ပွဲ၊ ခိုင်ကြည်သော စိတ်၊ မကျိုးပေါက်သော သစ္စာ၊ ကောင်းကင်နှင့် မဆံ့သော မေတ္တာတရား၊ အဖိုးအနမတဂ္ဂထိုက်သော ကိုယ်ရည်ကိုယ်သွေး စသည့် လူငယ်တို့အတွက် စံနမူနာယူစရာ သူရဲကောင်းတို့၏ အရည်အသွေးများကို စာအုပ်ပါ သူ၏ ထောင်တွင်းမှတ်တမ်းများတွင် တွေ့ရှိရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|