|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အနန္တစကြဝဠာ၏ အနားစွန်းပေါ်သို့ (၂၀ ရာစု အာကာသ ပျံသန်းရေး၏ ထင်ရှားသော မှတ်တိုင်များ)
-
-
Author(s):
ကျော်ဦး
- Type: Myanmar Books
-
Category:
သိပ္ပံပညာ
- No of Pages: 276
- Binding: Paperback
- Publication Month Year: Feb-2014
- Size: 13 cm x 19 cm
|
- Description: ကမ္ဘာ့ဆွဲအားကို အန်တုကာ အာကာသခရီးနှင်နိုင်ခြင်းသည် အဆုံးအစမရှိသော စကြာဝဠာ၏ အနားစွန်းပေါ်သို့ တက်ရောက် ခြေချနိုင်ခြင်းပင် ဖြစ်သည်။ ဤစာအုပ်တွင် အာကာသခေတ် အစဖြစ်သော ၂ဝ ရာစု အာကာသပျံသန်းရေး၏ ထင်ရှားသော ဖြစ်ရပ်များကို နားလည်လွယ်သော ရေးဟန်၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံများစွာတို့ဖြင့် တင်ပြထားသည်။ ထိုသို့တင်ပြရာတွင် ၁၉၅ဝ ပြည့်နှစ်မှစ၍ ဆယ်စုနှစ် ၅ စုခွဲ၍ အာကာသသိပ္ပံတွေ့ရှိချက်များ၊ ၎င်းတွေ့ရှိချက် နောက်ကွယ်ရှိ သီအိုရီသဘောတရားများကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားသည်။ ၂၁ ရာစု အာကာသသိပ္ပံ ဖြစ်ထွန်းမှုများသည် ၂ဝ ရာစုအတွင်းက စတင်ကြိုးပမ်းချက်များ၏ အသီးအပွင့်များပင်ဖြစ်ရာ ၎င်း ၂၁ ရာစုသိပ္ပံကို နားလည်ရန်အတွက် ဤစာအုပ်ပါ ၂ဝ ရာစု အာကာသသိပ္ပံဖြစ်ရပ်များကို နားလည်သဘောပေါက်ခြင်းဖြင့် များစွာအထောက်အကူပြုမည် ဖြစ်သည်။ စာအုပ်ပါ အခန်းခေါင်းစဉ်များမှာ အစကောင်းသည့် အာကာသခေတ်ဦးကာလ၊ ခြေလှမ်းတစ်လှမ်း (သို့မဟုတ်) ခုန်ပျံကျော်လွှားမှုတစ်ခု၊ ပြိုင်ဘက်မှသည် မိတ်ဖက်သို့၊ အာကာသနှင့် ကမ္ဘာ အိမ်ဦးနှင့် ကြမ်းပြင်၊ အလှမ်းကွာ နက်ရှိုင်းသော နယ်ပယ်၏ အံ့မခန်းပုံရိပ်များ၊ မြင်ကွင်းနောက်ကွယ်မှ အဖွဲ့အစည်းနှင့် မြေပြင်စခန်းများ၊ ဒုံးပျံထုတ်လုပ်ရေးကို ဦးဆောင်ခဲ့သော အာကာသဖခင်ကြီးများတို့ ဖြစ်ကြသည်။ နောက်ဆက်တွဲ အနေဖြင့် ၂ဝ ရာစု အာကာသပျံသန်းရေး၏ အရေးပါသော ပထမများ၊ ၂ဝ ရာစု အာကာသပျံသန်းရေး အသက်စွန့်ခဲ့သူများ၊ ၂၁ ရာစုထဲအထိ ပျံသန်းအလုပ်လုပ်သည့်ယာဉ်များအကြောင်းကို ထည့်သွင်းရှင်းလင်းထားသည်။ အကြောင်းအရာများကို ရှာဖွေလွယ်ကူစေရန် အသံထွက်ဝေါဟာရစာရင်းကိုလည်း ဖော်ပြပေးထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၃ ခုနှစ်အတွက် အမျိုးသားစာပေဆု (သုတပဒေသာ (ရိုးရိုးသိပ္ပံ)) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|