|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၁၉၈ဝ ခုနှစ်ကတည်းက တောထွက်ကာ ဝိပဿနာကမ္မဋ္ဌာန်း ပွားများအားထုတ်ခဲ့သူ ပေါက်မြို့နယ်၊ မြောက်ဘက်ရွာ ဒီပါအေးတောရဘုန်းကြီး ဦးခေမိန္ဒက သူ၏ တောရဆောက်တည်အတွေ့အကြုံများကို ကျမ်းစာအဖြစ် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ တောရဆောက်တည်ပါက ရနံ့စုံ၊ ရောင်စုံ၊ ပန်းမျိုးအဖုံဖုံ ဝေဆာဖူးပွင့်နေသည့် ရဂုံတောတန်း၊ အေးမြကြည်လင်သည့် စမ်းရေကလေးများ တသွင်သွင် စီးဆင်းနေသည့် ချစ်စရာ ချောင်းရိုးကလေး၊ ရတနာသုံးပါးကို ဦးထိပ်ထားပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်ကြသည့် အနီးအနားရှိ ကျေးတောသူ၊ ကျေးတောသားများကို တွေ့ကြုံရမည်ဟု ထင်မှတ်ထားသော်လည်း ဆွမ်းအခက်အခဲရှိ၌ ဆွမ်းချည်းသက်သက်ကို ရေနှင့်ဖော်ပြီး ဇွတ်အတင်းမျိုချခဲ့ရပုံ၊ တောထွက်ပြီး မဂ်ပေါက်ဖိုလ်ဝင် ကြိုးစားအားထုတ်မည့် သူရဲကောင်း အာဇာနည်ရဟန်းတော်ထက် လက်နက်အရာမှာရော၊ နည်းပရိယာယ်ကြွယ်ဝမှုအရာမှာပါ မနှိုင်းယှဉ်သာအောင် သာလွန်သည့် ကိလေသာရန်သူများနှင့် ရင်ဆိုင်ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရပုံများကို အသေးစိတ်မှတ်တမ်းတင် ရေးသားထားသည်။ တောရဆောက်တည်၍၊ တစ်ပါးတည်း ဧကစာရီကျင့်၍၊ သီလဓူတင်ဖြူစင်အောင်ကျင့်၍၊ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို မဂ်ပေါက် ဖိုလ်ပေါက် အရဟတ္တဖိုလ်ရောက်အောင် ယောက်ျားမြတ်အာဇာနည် ဘာမထီသည့် စိတ်ထားနှင့် အားခဲလိုသူ တောနေသူရဲကောင်းကြီးများအတွက် တောရလက်စွဲကျမ်းတစ်ကျမ်းပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|