|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ငွေကို ရေလိုသုံးနိုင်သူများ (ဆော်ဒီဘုရင့်မိသားစုအတွင်းမှ ဆော်ဒီတော်ဝင်မင်းသမီးများ၏ အမျိုးသမီးယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အမေရိကန်အမျိုးသမီးတစ်ဦး၏ နှိုက်နှိုက်ချွတ်ချွတ် ဖွင့်ဟချက်များ)
-
-
Author(s):
ထွဋ်ဝင်းထွဋ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 237
- Binding: Paperback
- Publication Month Year: Oct-2013
- Size: 10 cm x 18 cm
|
- Description: ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် တင်းကျပ်သော အစောင့်အရှောက်များဖြင့် ဝိုင်းရံထားခြင်း ခံရသော ဆော်ဒီဘုရင်၏ သမီးတော်၊ မြေးတော်များကို အနီးကပ် လေ့လာခွင့်ရရှိခဲ့သည့် ဇိမ်ခံကားမောင်းသမား အမေရိကန်အမျိုးသမီးတစ်ဦး၏ နှိုက်နှိုက်ချွတ်ချွတ် ဖွင့်ဟချက်များစာအုပ်ဖြစ်သည်။ ရေနံမှ ရသော ဓနငွေကြေးများကြောင့် ဘုရင့်မိသားစုသည် အဆမတန် ချမ်းသာကြွယ်ဝနေကြပုံ၊ ဆော်ဒီအမျိုးသမီးများသည် မွတ်စလင်ဘာသာ၏ တင်းကြပ်လှသော စည်းကမ်းများကို နိုင်ငံတွင်းတွင် လိုက်နာကြသော်လည်း နိုင်ငံပြင်ပသို့ ရောက်သောအခါ စကတ်အတိုများ၊ ဂါဝန်များ၊ ဘောင်းဘီရှည်များဖြင့် ဟော့ရှော့များ ဖြစ်သွားကြပုံ၊ ဒေါ်လာသောင်း, သန်းနှင့်ချီသော ငွေများသုံးစွဲ၍ ဆော်ဒီမင်းသမီးများသည် ရင်သား, တင်သား, ဗိုက်သားများကို ပလတ်စတစ် ဆာဂျရီခွဲစိတ်ပြုပြင်ကြပုံ၊ ထိုသို့ ဘုရင့်မိသားစုဝင်များ စည်းစိမ်သုံးမကုန်ဖြစ်နေကြသော်လည်း သူတို့ကို အလုပ်အကျွေးပြုနေကြသည့် အစေခံမိန်းကလေးများသည် မလွတ်မလပ်သော အချုပ်အနှောင်ဖွဲ့များကြားတွင် လူးလွန့်လှုပ်ရှားနေကြရပုံ၊ စာရေးသူကိုယ်တိုင် ကြုံတွေ့ခံစားသိမြင်လာခဲ့ရသည့် ဆော်ဒီဘုရင့်ဆွေတော် မျိုးတော် မင်းသမီးများ၏ ဓနဂုဏ်မောက် ဖောက်လွဲဖောက်ပြန် အကျင့်စရိုက်မျိုးစုံများ၊ မင်းသမီးများ ငှားရမ်းထားသည့် အလုပ်အကျွေးပြု ဝန်ထမ်းများ၏ မောက်မာရိုင်းပြမှုများ၊ ထိုထိုအခြေအနေများအောက်မှ ဆယ်ကျော်သက် အခိုင်းအစေ မိန်းကလေးများ၏ ရင်နင့်စရာဘဝများကို ရသမြောက်စွာ ရေးဖွဲ့ဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|