|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်သည့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးထဲသို့ လူလားမမြောက်တမြောက်အရွယ်ကတည်းကပင် ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးအတွက် ခက်ခဲကြမ်းတမ်း ပြင်းထန်သည့်တိုက်ပွဲများကို ရဲရဲရင်ဆိုင်ခဲ့သူ စာရေးသူ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ သူ၏ ဘဝဖြစ်စဉ်နှင့်အတူ ပဲခူးရိုးမ ဗဟိုအခြေခံဒေသ၏ ၁၉၄၉ ခုနှစ်မှ ၅၁ ခုနှစ်အထိ ဖြစ်ရပ်များ၊ သူကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးလောကဓံများ၊ ပါတီတော်လှန်ရေး၏ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများ၊ ဗမာပြည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအတွင်း သူကိုယ်တိုင် ကြားသိတွေ့မြင်ခဲ့ရသည်များကို မှတ်တမ်းသဖွယ် စုံစုံလင်လင်ရေးသားထားသည်ကို တွေ့ရသည်။ စာရေးသူသည် ၁၉၇၆ ခုနှစ် မှ ၁၉၈၆ ခုနှစ်အထိ အရှေ့မြောက်ဒေသ စစ်ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် အရှေ့မြောက်ဒေသ၊ အမျိုးသမီးသမဂ္ဂ စည်းရုံးရေးတာဝန်များကိုလည်းကောင်း ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယနေ့ချိန်အထိလည်း ပါတီ၏ မြေအောက်ကေဒါအဖြစ် ရပ်တည်လျက်ရှိသူဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|