|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- တရုတ်နှင့် အိန္ဒိယဆုံမှတ် (မြန်မာနိုင်ငံနှင့် အာရှ၏ လမ်းဆုံလမ်းခွသစ်များ)
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
သမိုင်း
,
နိုင်ငံရေး
- No of Pages: 374
- Binding: Paperback
- Publication Month Year: Feb-2014
- Size: 14 cm x 21 cm
|
- Description: ၂ဝ၁၃ ခုနှစ်အတွင်း Foreign Policy မဂ္ဂဇင်း၏ “ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် (၁ဝဝ)” အဖြစ် ရွေးချယ်ခြင်းခံရသူ သန့်မြင့်ဦးရေးသားသည့် Where China Meets India (Burma And The New Crossroads of Asia) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဝေးသီခေါင်လှသော ဒေသတစ်ခုသည် ကမ္ဘာ၏ ပထဝီနိုင်ငံရေးဗဟိုချက် ရုတ်တရက်ဖြစ်လာပုံ၊ တစ်နည်းအားဖြင့် မြန်မာပြည်သည် အာရှ၏ တိုးတက်မြင့်မားလာသော ဧရာမပါဝါနိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယကြား မဟာဗျူဟာအချက်အခြာကျစွာဖြင့် မည်သို့တည်ရှိနေပုံကို ဤစာအုပ်တွင် အဓိကထား ရှင်းလင်းတင်ပြထားသည်။ မူရင်းစာရေးသူသည် ဤစာအုပ်ရေးသားနိုင်ရန်အတွက် သောင်းကျန်းသူများ ထကြွကြီးစိုးရာ၊ တောင်ပေါ်နေ ဆင်းရဲနွမ်းပါးလှသည့် လူမျိုးစုများ နေထိုင်ရာဒေသများ အပါအဝင် ကျယ်ပြောလှသည့် နယ်နမိတ်ကို ခရီးထွက်လေ့လာခဲ့ပြီးမှအချက်အလက်ပြည့်စုံစွာဖြင့် ရေးသားတင်ပြထားခြင်း ဖြစ်သည်။ စာအုပ်သည် ခရီးသွားမှတ်တမ်း မည်ကာမတ္တမဟုတ်ဘဲ သမိုင်းစာအုပ်လည်းဖြစ်၊ အနာဂတ်ကို ဟောကိန်းထုတ် တွက်ချက်ပြထားသည့် နိုင်ငံရေးအနာဂတ္တိကျမ်းလည်းဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြားရှိ လက်ရှိအနေအထားကို ယထာဘူတအကျဆုံး ဆန်စစ်တင်ပြထားသည်ကို စိတ်ဝင်စားဖွယ် လေ့လာဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|