|
Myanmar Books
Publishers
|
|
'သူခိုး'
,
'ဦးဉာဏ်ဝင်းထက်'
,
'အမျိုးသမီး'
,
'ရုပ်ပွားတော်'
,
'တကောင်းခေတ်'
,
'သမီး'
,
'ဆက်ဒမ်ဟူစိန်'
,
'အတွေးအခေါ်'
,
'Betsy Ross'
,
'ထူးအိမ်သင်'
,
'အီရန်'
,
'အီဒီယမ်'
,
'တိရစ္ဆာန်'
,
'Rap'
,
'ဒီမိုကရေစီအလေ့အကျင့်'
,
'အိပ်မက်ရွာ'
,
'သက်ငယ်'
,
'ကျော်အောင်'
,
'six'
,
'u'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အောင်မြင်မှု၏ လျှို့ဝှက်အမူအကျင့်များ
-
-
Author(s):
သုတစိုး (B.D.I.C)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 320
- Binding: Paperback
- Publication Month Year: May-2014
- Size: 16 cm x 24 cm
|
- Description: အမေရိကန်နိုင်ငံမှ နာမည်ကျော် စာရေးဆရာကြီး Jack Canfield ရေးသားသည့် How to Get from Where You Are to Where You Want to Be" (The 25 Principles of Success) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာအုပ်တွင် အောင်မြင်မှုအတွက် လျှို့ဝှက်အမူအကျင့် (၂၅) ချက်၏ အကျယ်ကို မှတ်သားစရာများ၊ အတုယူစရာများနှင့်အတူ ခေါင်းစဉ်များခွဲ၍ ရေးသားတင်ပြထားသည်။ လျှို့ဝှက်အမူအကျင့်ဟုဆိုသော်လည်း အမူအကျင့်အားလုံးသည် လက်တွေ့လိုက်နာကျင့်သုံးရန် လွယ်ကူသဖြင့် အောင်မြင်မှုကို အလိုရှိသူများ လက်တွေ့လိုက်နာကျင့်သုံးဖို့မည် ဖြစ်သည်။ စာရေးသူ ကိုယ်တိုင်ကလည်း “ ... ဤစာအုပ်သည် အောင်မြင်ကြီးပွားလိုသူများနှင့် ခေါင်းဆောင်များအားလုံး ဖတ်ရမည့်စာအုပ်ဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ မိဘများသည် သားသမီးများရဲ့ ခေါင်းဆောင်ဖြစ်သည်။ ဆရာ၊ ဆရာမများသည် ကျောင်းသားများရဲ့ ခေါင်းဆောင်ဖြစ်သည်။ အလုပ်ရှင်များသည် ဝန်ထမ်းများရဲ့ ခေါင်းဆောင်ဖြစ်သည်။ အထက်အရာရှိများသည် လက်အောက်ငယ်သားများရဲ့ ခေါင်းဆောင်ဖြစ်သည်။ အားကစားသမားများသည် နိုင်ငံံံ့ဂုဏ်ကို မြှင့်တင်ပေးမည့် ခေါင်းဆောင်များ ဖြစ်သည်။ လူငယ်များသည် သူတို့ကိုယ်တိုင်ရဲ့ ခေါင်းဆောင်ဖြစ်သည်။ ထိုကြောင့် ဤစာအုပ်သည် အောင်မြင်ကြီးပွားလိုသူများနှင့် ခေါင်းဆောင်များအားလုံး ဖတ်ကိုဖတ် ရမည့် စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်သည် ဖတ်ရှူပြီး စိတ်ကူးယဉ်နေရန် သက်သက်မဟုတ်ပဲ သင်ကိုယ်တိုင် အောင်မြင်သည့် ဘဝတစ်ခုကို လက်တွေ့ကျကျ တည်ဆောက်ပြီး အောင်မြင်မှုကို ရယူနိုင်ရန်အတွက် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရန် မေးခွန်းများ၊ လိုက်လံလုပ်ဆောင်ရန် လမ်းညွှန်ချက်များနှင့် နေ့စဉ်လိုက်လံလုပ်ဆောင်ရန် ၁ နှစ်စာ Calendar နှင့် လေ့ကျင့်ခန်းစာအုပ်ကိုပါ ထည့်ပေးထားပါသည်။ စာအုပ်ကိုသေသေချာချာ နားလည်အောင်ဖတ်ပါ။ မေးခွန်းများကိုဖြေပါ။ လမ်းညွှန်ချက်အတိုင်း လိုက်လံလုပ်ဆောင်ပါ။ Calendarကို ၁ နှစ်တိတိ အသုံးပြုပါ။ ယခုလို ၁ နှစ်တိတိ အသုံးပြုပြီး လိုက်လုပ်လို့မှ စာဖတ်သူ၏ ဝင်ငွေ၊ လူမှုရေး၊ အားလပ်ချိန်၊ အပျော်ခရီး၊ ပိုင်ဆိုင်မှုများ သိသိသာသာ မတိုးတက်လာဘူး ဆိုလျှင် စာအုပ်တန်ဖိုး ၂ ဆပြန်လျော်ပေးမည်။ ... ” ဟု အမှာစာတွင် အာမခံစကား ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|