|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- သမိုင်းကြောင်းကို ခြေရာကောက်၍ ခြေရာဖျောက်ခဲ့သူများအကြောင်း တူးဆွကြည့်ခြင်း
-
-
Author(s):
အောင်စွမ်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 213
- Binding: Paperback
- Publication Month Year: Jun-2014
- Size: 13 cm x 21 cm
|
- Description: ပဲခူးရိုးမ တောနက်ကြီးအတွင်း ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း၏ နိုင်ငံရေးအာယုသက်တမ်းကို နိဂုံးကမ္ပါတ် အဆုံးသတ်ပေးခဲ့သူ (သခင်သန်းထွန်းကို လုပ်ကြံခဲ့သူ) ရဲဘော်မြကြီး (ခ) ကျုံတိတ် (ခ) လုံတိတ်၏ နောက်ဆုံးနေ့များအကြောင်း၊ တစ်ပင်မလဲခင် တစ်ပင်ထူခဲ့သူ ဗိုလ်နေဝင်းအား “ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ”ဟူသော သတင်းစာကြေငြာချက်ဖြင့် ထိုးနှက်ခဲ့သူ ဗိုလ်ချုပ်နေဝင်း၏ ပထမဇနီး ဒေါ်တင်တင်၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အထင်မှားစေခဲ့သည့် ဂဠုန်ဦးစောကို လုပ်ကြံရန် မအောင်မြင်ခဲ့သည့် ကြိုးစားမှုကြီး၊ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ ၁၉၆၂ အာဏာသိမ်းမှုအကြောင်း၊ ၈၈ အရေးအခင်းဖြစ်စဉ်များနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဝန်ခံချက်၊ စစ်အစိုးရလက်ထက် တိုင်းပြည်၏ စီးပွားရေးအခြေအနေကို အမှန်အတိုင်း တင်ပြခဲ့သဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဇော်ထွန်း၏ အစည်းအဝေး တင်ပြချက်၊ -၅-၈၂ ရက်နေ့က ဗိုလ်မှူးချုပ်အောင်ကြီးနေအိမ်တွင် ပြုလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး၊ သခင်စိုး၊ သခင်သာခင်၊ ဗိုလ်ရဲထွဋ်၊ ဦးထွေမြင့်၊ ကိုလှမြင့်တို့၏ နေအိမ်စကားဝိုင်းမှတ်တမ်း အစရှိသည်တို့ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ အာဏာ, လုပ်ပိုင်ခွင့်, ရာထူး, အခွင့်အရေးများကို အသုံးချကာ မိုက်ရူးရဲခဲ့ကြသူများအကြောင်း၊ သူတို့အာဏာမဲ့သွားသောအခါ ဘဝကူးကောင်းစေရန် ပေးခဲ့သည့် ဝန်ခံချက်များကို အသေးစိတ်မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|