|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ယနေ့ခေတ်တွင် ကျောက်မီးသွေးအပါအဝင် ရုပ်ကြွင်းလောင်စာများကြောင့် လေထု ရေထုနှင့် မြေထုသည် ညစ်ညမ်းလာနေပြီဖြစ်သလို ကမ္ဘာ့ရာသီဥတုစနစ်ကြီးတစ်ခုလုံး ပုံမှန်လည်ပတ်မှုသည်လည်း ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ လူတို့ အသက်ရှင်ရေးအတွက် တည်မှီနေရသော စွမ်းအင်သည် ထိုလူတို့၏ ရှင်သန်ရေးကို ပြန်လည်ခြိမ်းခြောက်လာနေသည့် ယနေ့ချိန်ခါတွင် သုံးတတ်လျှင် မိတ်ဆွေဖြစ်သော စွမ်းအင်ကို ရန်သူဘဝ မရောက်သွားစေရန်အတွက် မည်သို့ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်သည်ဆိုသည်နှင့် မည်သို့အားထုတ်နေကြသည်ကို ဤစာအုပ်တွင် လေ့လာတင်ပြထားသည်။ စွမ်းအင်၏ လက်ရှိအခြေအနေအပြင် ယင်း၏ အခြေခံသိပ္ပံသဘောရှင်းလင်းချက်၊ စွမ်းအင်သမိုင်းကြောင်း၊ သမားရိုးကျစွမ်းအင်နှင့် အစားထိုးစွမ်းအင်အကြောင်း၊ စွမ်းအင်အရင်းအမြစ်များအကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်အကြောင်း၊ စွမ်းအင်အသုံးများလာမှုကြောင့် ဖြစ်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် အစွန်းရောက် ရာသီဥတုဖြစ်ရပ်များ ဖြစ်ပေါ်လာပုံတို့ကို မှတ်တမ်းတင်ဓာတ်ပုံများ၊ အချက်အလက်ဇယားများနှင့်အတူ ပြည့်ပြည့်စုံစုံ ရှင်းလင်းရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (သုတပဒေသာ ရိုးရိုးသိပ္ပံ) ကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|