|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ကျွန်တော် အစ္စရေးသူလျှို (အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ “မော့ဆက်”မှ အကြီးတန်းအရာရှိတစ်ဦး၏ တုန်လှုပ်ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်း)
-
-
Author(s):
စိုးသိဏ်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 319
- Binding: Paperback
- Publication Month Year: Jan-2015
- Size: 18 cm x 18 cm
|
- Description: ၁၉၈၈ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ မော့ဆက်အဖွဲ့ကြီးတွင် အမှုထမ်းခဲ့သူ မိုက်ကယ်ရော့(စ်) (Michael Ross) ရေးသားသည့် My Secret Life in The Mossad စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူသည် ကနဦး၌ ပင်လယ်ရပ်ခြား လျှို့ဝှက်ထောက်လှမ်းရေးသမားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မော့ဆက်ဌာနချုပ်တွင်လည်းကောင်း၊ အာဖရိကတိုက်နှင့် အရှေ့တောင်အာရှတွင် လက်တွေ့သူလျှိုအဖြစ်လည်းကောင်း အမှုထမ်းခဲ့သည်။ ခုနှစ်နှစ်ခွဲလုံးလုံး ရန်လိုသော နေရာဒေသပေါင်းစုံ၌ သူလျှိုတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အဇာဘိုင်ဂျန်နိုင်ငံမှ အကြီးတန်း အယ်(လ်)ခိုင်ဒါအဖွဲ့ဝင် (၃) ဦးကို အမိဖမ်းခြင်း၊ မွတ်စလင်မဟုတ်သူများကို မျိုးတုန်းသတ်ဖြတ်ရန်ကြိုးစားသော ဆူဒန်အစိုးရအား အီရန်မှ ကူညီနေခြင်းအပေါ် ဟန့်တားခြင်း၊ အမေရိကန်၌ အလုပ်လုပ်ကိုင်နေသော အကြီးတန်း ဟစ်(ဇ်)ဘိုလာအကြမ်းဖက်ဂိုဏ်းဝင်တစ်ဦးကို ဖော်ထုတ်ခြင်း၊ စစ်လက်နက်ပစ္စည်းအင်အား တိုးချဲ့လာသော အီရန်နိုင်ငံမှ သူလျှိုများကို တောင်အာဖရိကနိုင်ငံ၌ ကြားဖြတ်ဟန့်တားခြင်း၊ ဇင်ဘာဘွေမှ ရက်စက်ကြမ်းကြုတ်သော သမ္မတရောဘတ်မူဂါဘီအစိုးရလက်မှ ရဟူဒီများကို ကယ်တင်ခြင်းအပါအဝင် သက်စွန့်ဆံဖျားလုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ခဲ့သည်။ များပြားလှသော သူ၏ သူလျှိုလုပ်ငန်းအတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ်မှတ်တမ်းတင်ရေးသားထားပြီး အစ္စလာမ္မစ်ဂျီဟတ်၊ ဟစ်(ဇ်)ဘိုလာ၊ အယ်(လ်)ခိုင်ဒါအကြမ်းဖက်ဂိုဏ်များ၏ အန္တရာယ်၊ ကမ္ဘာကြီးအတွက် လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည့် အကြောင်းအရာများကိုပါ စာအုပ်မှတဆင့် လေ့လာသိရှိနိုင်ကြမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|