|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာ့တော်လှန်ရေး ခရီးကြမ်းမှ အောင်မြင်မှု မှတ်တမ်း (၁၉၃၉ - ၁၉၄၆)
-
-
Author(s):
မောင်ဝင့်သူ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 512
- Binding: Paperback
- Publication Month Year: Sep-2015
- Size: 20 cm x 27 cm
|
- Description: ီဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဗမာ့တော်လှန်ရေး လှုပ်ရှားမှုတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည့် အထင်ကရ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သလို အမြော်အမြင်ကြီးမားပြီး တာဝန်ယူရဲသည့် ဓမ္မသတ္တိဖြင့် ပြည့်စုံသော ခေါင်းဆောင်ဟုလည်း ဆိုနိုင်သည့် ဒေါက်တာဘမော် ရေးသားသည့် Breakthrough In Burma (Memoirs Of A Revolution) (1939 - 1946) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာအုပ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုခရီးတွင် အခက်ခဲ၊ အကြမ်းတမ်းဆုံး၊ အပင်ပန်းဆုံး၊ ပြဿနာအထူပြောဆုံးဟု ဆိုရမည့် ၁၉၃၉ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ခုနှစ်တာကာလအတွင်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကို ဗြိတိသျှလက်အောက် မြန်မာအစိုးရ၏ ဝန်ကြီးချုပ်၊ ဂျပန်လက်ထက်က မြန်မာအစိုးရအဖွဲ့၏ အဓိပတိဖြစ်သူ မူရင်းစာရေးသူက အခန်း (၁၅) ခန်းခွဲ၍ အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။ အရှေ့တောင်အာရှစစ်အတွင်း နိုင်ငံအကြီးအကဲနှင့် ခေါင်းဆောင်တစ်ဦး ရေးသားပြုစုသည် တစ်ခုတည်းသော စစ်ပွဲကာလမှတ်တမ်းဖြစ်ပြီး စစ်ပွဲကာလ အရှေ့တောင်အာရှ၏ အခြေအနေကို အမှန်အတိုင်း ဦးဦးဖျားဖျား ဖော်ပြထားသည် တစ်ခုတည်းသော မှတ်တမ်းဖြစ်သည်ဟု တရားရုံးချုပ် တရားသူကြီးဟောင်း ဦးမြင့်က အမှာစာတွင် ညွှန်းဆိုထားသည်။ ဘာသာပြန်ဆိုသူ၏ အမှာစာကို ဖော်ပြလိုက်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|