|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: စာအုပ်နာမည်ပါ “အဘိဓမ္မတ္ထ” ဆိုသည်မှာ “အဘိဓမ္မတ္ထသင်္ဂဟ” ကိုဆိုလိုပြီး “သင်္ဂဟ” ပုဒ်ကို ချေဖျောက်ထားသော ပုဒ် ဖြစ်သည်။ ထိုသို့ချေဖျောက်ထားသော်လည်း အနက်ပြန်သောအခါ အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မတ္ထသင်္ဂြိုဟ်” ဟု အနက်ပြန်ဆိုရမည် ဖြစ်သည်။ “သရူပ”မှာ အဓိပ္ပာယ်ဟု အနက်ရှိပြီး “သရုပ်”ဟု ပါဠိပျက် ခေါ်ဆိုကြသည်။ “ဒီပနီ” ပုဒ်ကား “ဒီပ = အလင်း ၊ နီ = ဆောင်တတ်သည်) အလင်းကိုဆောင်တတ်, ပြတတ်သောကျမ်း = အလင်းပြကျမ်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “အဘိဓမ္မတ္ထသရူပဒီပနီ” ဆိုသည်မှာ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ သဘောအဓိပ္ပာယ်သရုပ်ကို အလင်းပြတတ်သောကျမ်း၊ သင်္ဂြိုဟ်သရုပ်အလင်းပြကျမ်းဟု အဓိပ္ပာယ်ရရှိသည်။ သင်္ဂြိုဟ်ကျမ်းလာ သဘောအဓိပ္ပာယ်များကို သင်္ဂြိုဟ်ကျမ်းနှင့် တွဲဖက်၍ သင်ယူလေ့လာကျက်မှတ်နိုင်အောင် သင်္ဂြိုဟ်ကျမ်းလာ စကားရပ်တို့တွင် လိုအပ်သည့်နေရာများ၌ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းလာ အဓိပ္ပာယ် အဆိုအမိန့်များနှင့် တွဲဖက်လျက် ချောမောညက်ညောသော စကားပြေ၊ သိပ်သည်းကျစ်လစ်သော ဝါကျအဖွဲ့၊ ရှင်းလင်းသိလွယ်သည့် ဝေါဟာရ စကားလုံး၊ မကျဉ်းမကျယ် အလယ်အလတ် ကျမ်းအနေအထားတို့ဖြင့် ရှင်းလင်းပြုစုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|