|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- လျှို့ဝှက်ချက်နှင့် လျှို့ဝှက်ချက်ကို ဖွင့်တဲ့သော့
-
-
Author(s):
ညီညီနိုင်
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 617
- Binding: Paperback
- Publication Month Year: May-2016
- Size: 14 cm x 21 cm
|
- Description: Rhanda Byrne ရေးသားသည့် The Secret နှင့် Jack Canfield, D.DWatkins တို့ရေးသားသည့် Key to living the Law of Attraction စာအုပ်ကို ပေါင်းစည်း ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ “The Secret” တွင် လူသိနည်းသေးသော ကျန်းမာရေး၏ လျှို့ဝှက်ချက်၊ ငွေနှင့် ပတ်သက်သော လျှို့ဝှက်ချက်၊ ပေါင်းသင်းဆက်ဆံရေး လျှို့ဝှက်ချက်၊ စီးပွားရေး၏ လျှို့ဝှက်ချက်၊ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်၊ လောကကြီးရဲ့ လျှို့ဝှက်ချက်၊ ဘဝ၏ လျှို့ဝှက်ချက်အပါအဝင် လျှို့ဝှက်ချက်များအကြောင်းကို စုံစုံလင်လင် ဖတ်ရှုကြရမည်ဖြစ်သည်။ ဖော်ပြပါနယ်ပယ်အသီးသီး၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ ထိုနယ်ပယ်များ၏ ပညာရှင်ဆရာကြီးများ၏ အမြင်များ၊ အဆိုပြုချက်များ၊ မူရင်းစာရေးသူ၏ ပြန်လည်ဆွေးနွေးချက်များကို စကားဝိုင်းပုံစံဖြင့် တင်ပြထားခြင်းဖြစ်သည်။ စကားဝိုင်းတွင် ကမ္ဘာကျော် မဟာပညာကျော်ကြီးများ၏ အဆိုအမိန့်များ၊ သာဓကဇာတ်လမ်းများကို ကြားညှပ်ထည့်သွင်းဖော်ပြထားပြီး အခန်းတစ်ခန်းချင်း၏ အဆုံးတွင် အနှစ်ချုပ်မှတ်စုလေးများ ထုတ်ဝေထားသည်ကိုလည်း တွေ့ရသည်။ လူတိုင်းလူတိုင်း မိမိတို့ရောက်လိုသည့် ပန်းတိုင်ကို အရောက်လှမ်းရာတွင် မိမိ၏ မသိစိတ်ကို အသုံးချကာ ရယူနိုင်အောင် ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိအောင် အထောက်အပံ့ပေးမည့် စာအုပ်ကောင်းဖြစ်သည်။ “Key to living the Law of Attraction” စာအုပ်သည် “ညှို့အားနိယာမ”နှင့် ပတ်သက်၍ အစီအစဉ်တကျ အသေးစိတ် သုတေသနပြုထားသော စာအုပ်ဖြစ်ပြီး “ညှို့အားနိယာမ”နှင့် ပတ်သက်၍ လက်တွေ့ကျင့်ကြံအားထုတ်နည်းများကိုပါ ဖော်ပြထားသည်။ ထို့ပြင် စိတ်ထားဖြူစင်သန့်ရှင်းမှု ရည်မှန်းချက်နှင့် လက်တွေ့ဆောင်ရွက်မှုတို့၏ အရေးကြီးပုံများကို တင်ပြထားပြီး ဤစာအုပ်ပါ အတွေးဆွပေးမှုများက သင့်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်နှင့် ဆန္ဒလိုအင်များ ပြည့်ဝစေရန် တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဆိုထားသည်။ တစ်နည်းအားဖြင့် စိတ်စွမ်းအင်ကို ဘဝအောင်မြင်ရေး၌ အသုံးချနိုင်အောင် လမ်းညွှန်ထားသော စာအုပ်ဖြစ်သည်။ ပါဝင်သော အခန်းအမည်များမှာ ညှို့အားနိယာမ၊ သင် ဘာလဲ၊ သင် ဘယ်သူလဲ၊ တက်ကြွစိတ်လှုပ်ရှား ဇောစိတ်များ၊ အာရုံကို အပြုသဘော၌ စူးစိုက်ထားခြင်း၊ အလျှံပယ် ပေါကြွယ်ခြင်း၊ ရည်မှန်းချက်နှင့် ဆန္ဒပြင်းပြမှု၊ အိပ်မက်များကို ဖော်ထုတ်ခြင်း၊ ညှို့အားနိယာမကို အသက်သွင်းခြင်း၊ ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ပြောဆိုခြင်း၊ အာရုံခံ၍ ကြည့်မြင်ခြင်း၊ စိတ်နေသဘောထား၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ကမ္မဋ္ဌာန်းထိုင်ခြင်း၊ လက်တွေ့ဆောင်ရွက်မှု၊ ယုံလိုက်စမ်းပါတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|